မြန်မာစာပေတွင် ရှားပါးစွာတွေ့ရခဲသော သားနှင့်အဖတို့၏ ရင်နင့်ဖွယ်ဇာတ်လမ်း ..
ရိုးရာဓလေ့အစွဲ ၊ သံယောဇဉ် ၊ စောင့်ထိန်းမှု ၊ အနစ်နာခံမှု ၊ မေတ္တာတရားတို့၏ ဤမှာဘက်ခြမ်းနှင့် လူသား၏ စိတ်အမှော�
�်ဘက်ခြမ်းအတွင်းမှ အဖြစ်အပျက်တို့ကို ရသမြောက်ဖွဲ့ဆိုသည့် ၀တ္ထု ..
.....................................................
ဤစာအုပ်နှင့် ပတ်သက်၍
မလိခ၏ မြန်မာ၀တ္ထုအညွှန်းပေါင်းချုပ်ထဲတွင် " စာဖတ်ပရိတ်သတ်ထက် စာပေလေ့လာသူအပိုင်းက လေးစားနှစ်သက်ရသော ၀တ္ထုဖြစ်သည် ။ အရေးအသား ရိုးပြေသည် ။ ပေါ်လွင်သည် ။ ထိရောက်သည် ။ တင်ပြပုံ နူးညံ့သည် ။ လှပသည် "ဟု ဖော်ပြထားသည် ..
" ဘယ်ပန်းချီရေးလို့မှ မမှီ "သည် ရှမ်းပြည်နောက်ခံ ဇာတ်လမ်းကလေးဖြစ်၏ ။ ဇာတ်ကောင်များမှာ ရှမ်းအမျိုးသားများ ဖြစ်ကြ၏ ။ ဤဇာတ်လမ်းနှင့် ဤဇာတ်ကောင်များကို ဖန်တီးရာ၌ အစမှအဆုံး တစ်အုပ်လုံးသည် ရှမ်းပြည်နံ့ သင်းနေ၏ ။ သူကိုယ်တိုင် ရှမ်းပြည်မှာ အနေကြာခဲ့၍လား မသိ ။ ဇာတ်လမ်းတည်ရာ သိမ်ကုန်းရွာကလေးနှင့် ဤရွာကလေးမှ နန်းနု ၊ ကျောင်းစိတ္တနှင့် အယ်ရိုးတို့အပါအဝင် ရှမ်းအမျိုးသား အမျိုးသမီးများ၏ စရိုက် ၊ ဓလေ့ ၊ သဘာ၀ကို ဖွဲ့ဆိုရာ၌ တကယ့် ရှမ်းစရိုက် ၊ ရှမ်းဓလေ့ ၊ ရှမ်းသဘာ၀များအဖြစ် ရှမ်းဆန်လှ၏ ။ အချို့နေရာများနှင့် အချို့ဖြစ်ရပ်များမှာ ရှမ်းဆန်လွန်းသဖြင့် ကျွန်တော်တို့ ဗမာစာဖတ် ပရိသတ်အတွက် ပုံပြင်လေလား ၊ ဒဏ္ဍာရီလေလား ဟူ၍ပင် ထင်မှတ်မှားစရာဖြစ်၏ .. ( လင်းယုန်မောင်မောင် )
ဒီ၀တ္ထုဟာ သိန်းသန်းထွန်း ရေးဖူးသမျှထဲမှာ ၀တ္ထုအပီပြင်ဆုံး ၊ ခေတ်ပေါ် ဗမာ၀တ္ထုထဲမှာလည်း ရှေ့တန်းက အပါ၀င်နိုင်ဆုံး ၀တ္ထုတစ်ပုဒ်ဖြစ်တယ် .. ( မောင်သာနိုး )
ဘယ်ပန်းချီရေးလို့မှ မမှီ " သည် လှပစွာ အကွက်ဖော်ထားသော ကျောက်မျက်ရတနာတစ်ပါး ဖြစ်ချေသည် .. ( နတ်နွယ် )
မည်သို့ပင်ဖြစ်စေ " ဘယ်ပန်းချီရေးလို့မှ မမှီ " သည် ၀တ္ထုလောကတွင် ရှားပါးသော အချစ်၀တ္ထုတစ်မျိုး ဖြစ်သည်ကိုမူ ရဲရဲပြောနိုင်ပါ၏ ... ( တင့်ဆန်း )