ရွာအကြောင်းရွာကလူတွေအကြောင်း
ကိုလေးမြတ်
8500 က်ပ္
ရွာအကြောင်းဆိုတာက စစ်ကိုင်းတိုင်း မုံရွာမြို့နယ် တောင်လက်မှာ ခေါင်ဇယ်လို့ ပြောစမှတ်ရှိတဲ့ မုံရွေး-ကြေးမုံ ရွာကြီးရဲ့ အကြောင်းပါ ..
အဲ့ဒီရွာကြီးက ကုန်းဘောင်ခေတ်ဦးက စတင်ပြီး " သမန္တ စက္ခု
ဒီပနီ " ကျမ်းအကျော်ကို ရေးသားပြုစုခဲ့တဲ့ မုံရွေးဆရာတော် ( အရှင် အရိယာဝံသ အာဒိစ္စရံသီ ) ကြောင့် ထင်ရှားခဲ့တဲ့ ရွာကြီးပါ .. ဆရာကြီးသခင်ကိုယ်တော်မှိုင်း ကိုရင်ကြီးဘ၀နဲ့ ၄နှစ် ၄ဝါ နေထိုင် ပညာသင်ယူခဲ့တဲ့ ရွာကြီးပေါ့ ..
ပြီးတော့ ဝါဆိုလဆန်း၈ရက်နေ့ကနေ တန်ဆောင်မုန်းလပြည့်ထိ ဥပုဉ်နေ့တိုင်း ဘုရားပွဲတွေရှိနေတဲ့ ရွာကြီးလေ .. ဒါ့ပြင် ကြေးသွန်းလုပ်ငန်း ၊ ပန်းပဲလုပ်ငန်း ၊ ချည်စက်လုပ်ငန်းနဲ့ တောင်သူ လယ်သမားလုပ်ငန်း စသည်ဖြင့် လုပ်ငန်းပေါင်းစုံနဲ့ စည်ပင်လှတဲ့ ရွာကြီးပေါ့ .. ကိုလိုနီခေတ်ကတည်းက အခုချိန်ထိ ခေတ်ပညာတတ်တွေလည်း ပေါပါဘိသနဲ့ ..
ဒါ့ပြင် ၁၉၅၁ခုနှစ်က စတင်တည်ထောင်ခဲ့တဲ့ အလင်းရောင် စာပေဗိမာန် ကျေးလက်စာကြည့်တိုက်က အခုချိန်ထိ ရှင်သန်လှုပ်ရှားနေဆဲ .. စာရေးဆရာ ကိုလေးမြတ် ၊ ကိုတာ ၊ ကဗျာဆရာ မောင်ဆေးရိုး ၊ အောင်ဂျမ်းမြိုင်တို့ကို သီးပွင့်ပေးခဲ့တာလေ ..
အဲ့ဒီ မုံရွေး-ကြေးမုံရွာအကြောင်း ၊ ရွာသူရွာသားတွေအကြောင်းကို ခေတ်ရေစီးနဲ့အတူ စီးမျောပုံဖော်ထားတဲ့ စာအုပ်ပါ .. ကျေးလက် လူမှုဘ၀ ရှု့ခင်းတွေကို တွေ့ထိခံစားနိုင်ကြမှာပါ .....