အလွဲအချော်များနဲ့လူငယ်တစ်ယောက်(သို့မဟုတ်)ကိုယ့်ကိုယ်ကိုစီမံခန့်ခွဲခြင်း
Min Khant (Verse)&Tiffa(တီဖာ)
7000 က်ပ္
ဆရာမ တီဖာရဲ့ ကိုယ့်ကိုယ်ကိုယ်စီမံခန့်ခွဲခြင်းကနေ
စတင်ဖတ်ရှုနိုင်သလို ဆရာမင်းခန့်ရဲ့ အလွဲအချော်များနဲ့ လူငယ်တစ်ယောက် ကနေလည်း စတင်ဖတ်ရှုနိုင်ပါမယ်။
စာညွှန်း
*အောင်မြင်ချင်ရင် အချိန�
��ကိုစီမံခန့်ခွဲတတ်ရတယ်
*ချမ်းသာချင်ရင် ငွေကိုစီမံခန့်ခွဲတတ်ရတယ်
*ပန်းတိုင်ရောက်ချင်ရင် ရည်မှန်းချက်တွေကို စီမံခန့်ခွဲတတ်ရတယ်
*ခေါင်းဆောင်ကောင်းဖြစ်ချင်ရင် အလုပ်တွေကို
စီမံခန့်ခွဲတတ်ရတယ်
*လူတော်တစ်ယောက်ဖြစ်ချင်ရင် ကိုယ့်ကိုယ်ကို
စီမံခန့်ခွဲတတ်ရတယ်...
#ကိုယ့်ကိုယ်ကိုစီမံခန့်ခွဲခြင်း
Tiffa(တီဖာ)
ဒီစာအုပ်က ကျွန်တော့်ရဲ့ အကြောင်းလို့ပြောရင်လည်း မှန်ပါလိမ့်မယ်၊ ဒီစာအုပ်ကိုမရေးခင် အရှေ့မှာ စာအုပ် ၄ အုပ်ထွက်ခဲ့ဖူးပါတယ်။ အဲ့စာအုပ် ၄ အုပ်မထွက်ခင် အရှေ့မှာ ကျွန်တော်က ဘာကောင်မှဟုတ်မနေခဲ့ပါဘူး၊ အခုလည်း ကြိုးစားနေဆဲလူငယ်တစ်ယောက်သာသာပါပဲ။
တချို့တွေက ဆရာလို့ခေါ်ပေမယ့် ကျွန်တော်က ဒီစာအုပ်ကိုဖတ်နေတဲ့ ခင်ဗျားနဲ့ Level အတူတူလောက်မှာပါပဲ။ ဟုတ်ပါတယ် ဒီစာအုပ်ထဲမှာပါမယ့် အကြောင်းအရာတွေကလည်း ကျွန်တော်ဘာကောင်မှမဟုတ်သေးခင်၊ ဘာစာအုပ်မှလည်းမရေးဖြစ်သေးခင် အချိန်နှစ်ကာလတွေအတွင်းမှာ ကျွန်တော်လွဲခဲ့၊ မှားခဲ့၊ အသုံးမကျခဲ့တဲ့အကြောင်းတွေကိုစုရေးထားတာပဲဖြစ်ပါတယ်။
ဆိုတော့ ခင်ဗျားက လူငယ်တစ်ယောက်လည်းဖြစ်မယ်၊ ဘဝကို အမှားတွေနည်းချင်တယ်၊ အလွဲအချော်တွေ အများကြီးမကြုံချင်ဘူးဆိုရင်တော့ ကျွန်တော်လွဲခဲ့၊ မှားခဲ့တဲ့ အကြောင်းတွေကို ခင်ဗျားဖတ်ပြီး သင်ခန်းစာယူလို့ရသလို ခင်ဗျားရဲ့ဘဝအတွက်လည်း အနည်းနဲ့အများ အသုံးဝင်လိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။