တွေးသမျှတိုင်းကိုမယုံလိုက်နဲ့(Don't Believe Everything You Think )
မျိုးလွင်(MBA)
4500 က်ပ္
• တွေးတာဟာ ဝေဒနာအားလုံးရဲ့ တရားခံဖြစ်ပါတယ်။ ကျွန်တော်တို့တွေးတာကနေ မကောင်းတဲ့စိတ် လှုပ်ရှားခံစားမှုတွေ ဖြစ်လာကြတော့ တွေးတာတွေကို နောက်ကြောင်းပြန်လိုက်ရင် ဖြေရှင်းရလွယ်သွားစေပါတယ်။ �
��ဲဒါကြောင့် တွေးတာဟာ အကြောင်းရင်းဖြစ်တယ်ဆိုတာ သဘောပေါက်တာနဲ့ တွေးတာကို ထွက်သွားခွင့်ပြုလိုက်ပါ။ မတွေးဘဲနေတဲ့အချိန်ဟာ အပျော်ရွှင်ဆုံးအချိန် ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် Default State of Mind လို့သတ်မှတ်ထားတဲ့ မူလစံသတ်မှတ်အနေအထား ဖြစ်ပါတယ်။ တွေးတာနဲ့ အတွေးတွေက မတူကြပါဘူး။ Thinking နဲ့ Thoughts ဖြစ်ပါတယ်။
ဒီစာအုပ်ထဲမှာ ပါတာတွေက -
• စိတ်ပိုင်းဆိုင်ရာ၊ စိတ်လှုပ်ရှားခံစားမှုပိုင်းဆိုင်ရာ ဝေဒနာတွေရဲ့ ဇာစ်မြစ်နဲ့ ဒါတွေကို ဘယ်လိုအဆုံးသတ်နိုင်တယ်ဆိုတဲ့အကြောင်း...
• မကောင်းတဲ့အတွေးတွေ၊ ခံစားချက်တွေရဲ့ဒဏ်ကို မခံရလေအောင် ဘယ်လိုလုပ်နိုင်တယ်ဆိုတဲ့အကြောင်း...
• ပြင်ပအခြေအနေတွေ ဘယ်လိုရှိနေပေမဲ့ ခြွင်းချက်မဲ့ ချစ်မေတ္တာ၊ ငြိမ်းချမ်းမှု၊ ပျော်ရွှင်မှုတွေကို ဘယ်လိုရရှိနိုင်တဲ့အကြောင်း..
• သင့်ရဲ့လက်ရှိဘဝအခြေအနေတွေကို မကြိုက်ဘူးဆိုရင် ဘဝအတွေ့အကြုံသစ်တစ်ခု ချက်ချင်းရရှိစေဖို့ ဘယ်လိုလုပ်နိုင်တဲ့အကြောင်း...
• မကောင်းတဲ့အတွေးတွေထဲမှာ ပိတ်မိရာကနေ ဘယ်လိုရုန်းထွက်လာနိုင်တဲ့အကြောင်း ...
• စိုးရိမ်ပူပန်မှု၊ ကိုယ့်ကိုယ်ကိုယ်အပြစ်မြင်နေမှု၊ ကိုယ့်ကိုယ်ကိုယ်ဖျက်လိုဖျက်ဆီး လုပ်နေတဲ့အပြုအမူတွေကို ဘယ်လိုထွက်သွားအောင် လုပ်နိုင်တဲ့အကြောင်း ...
• စဉ်းစားတွေးတောမှု အကန့်အသတ်တွေကိုကျော်လွန်ပြီး အလိုလိုသိစိတ် (Intuition)၊ ကိုယ်တွင်းအသိပညာ (Inner Wisdom) တွေကို ဘယ်လိုရရှိစေနိုင်တဲ့အကြောင်းတွေ
ဖြစ်ပါတယ်။