Catch and Release ဖမ်းဆုပ်ခြင်းနှင့်လက်လွတ်ခြင်း
Thar Htwe
6000 က်ပ္
ဘဝမှာ " ဖမ်းဆုပ်ခြင်း နှင့် လက်လွှတ်ခြင်း " ဟာ
အမြဲတမ်း ဟန်ချက်ညီနေဖို့ လိုအပ်လိမ့်မယ်လို့ ထင်ပါတယ် ။
ဘာကြောင့်လဲဆို ကျွန်တော်တို့ဟာ အရာအားလုံးကို တပြိုင်တည်း သယ်ဆောင်သွားလို့ မရပါဘူး �
�၊ ပျော်စရာတွေကို နာကျင်စရာတွေပြည့်နေတဲ့ ရင်ဘတ်ထဲ ထည့်သိမ်းလို့မရဘူး ၊ ကိုယ့်ရဲ့ အိပ်မက်စိတ်ကူး နဲ့ ချစ်ခြင်းမေတ္တာဟာလည်း တစ်ခါတလေမှာ တက်တက်စင်အောင် လွဲနေတတ်တယ် ၊ ဝါသနာ နှင့် ဝမ်းစာ နှစ်ခုယှဉ်ရွေးရမဲ့ အချိန်တွေလည်း ရှိလာနိုင်တယ် ။ ဘယ်အရာက ကိုယ်အမြတ်နိုးဆုံးဖြစ်သလဲ ၊ ဘယ်အရာက ကိုယ့်ကိုနောင်တကင်းစေမလဲ ၊ ဖြစ်ချင်တာ နှင့် ဖြစ်သင့်တာက ဘာလဲ … စတာတွေကို ရွေးချယ်ပြီး ဖမ်းဆုပ်သင့်တာကို ဖမ်းဆုပ်ရင်း .. လက်လွှတ်သင့်တာကို လက်လွှတ်ရင်း ဘဝဟာ ရှေ့ဆက်သွားရတာပဲ မဟုတ်လား ။
အသက်ရှင်နေထိုင်ရင်းက တွေ့ကြုံရသမျှ အရာရာဟာ စိန်ခေါ်မှုတွေ ၊ ဒွိဟတွေ ၊ တွေဝေရခြင်းတွေနဲ့ ပြည့်နေတတ်ပါတယ် ။ ဒီစာအုပ်လေးမှာတော့ ဘယ်အရာကို ဆက်လက်သယ်ဆောင်သွားမလဲ … ဘယ်အရာကိုဖြင့် လက်လွှတ်လိုက်ရမလဲ...ဆိုတဲ့ အကြောင်းတရားတွေကို ကူညီပြီး ဆွေးနွေးပေးထားပါတယ် ။ အခြားသော အကြည်ဓာတ်ရစေမယ့် စာလေးတွေရယ် … ပြုပြင်ပြောင်းလဲရမယ့် အမူကျင့်တွေ ၊ မွေးမြူထိန်းသိမ်းထားရမယ့် စိတ်နေသဘောထား ၊ လိုက်နာကျင့်သုံးသင့်တဲ့ အကြောင်းရာတွေကို ဖြည့်စွက်ရေးသားပေးထားပါတယ် ။