သောကရဲ့အဝေးတစ်ဖက်မှာ မင်းနေပါ
ကောင်းပြည့်သော်
5000 က်ပ္
စာအုပ်အညွှန်း - "သောကရဲ့အဝေးတစ်ဖက်မှာ မင်းနေပါ"စာအုပ်ဟာ ဆရာကောင်းပြည့်သော် ရေးသားတဲ့ (၁၉)အုပ်မြောက်စာအုပ် ဖြစ်ပါတယ်။ သောကကင်းစင်စေပြီး စိတ်ခွန်အားတွေရရှိစေမယ့် စာပိုဒ်(၈၈)ပုဒ် ပါဝင်တဲ့စ�
��အုပ်တစ်အုပ် ဖြစ်ပါတယ်။ "သောကဖြစ်ပုံခြင်းမတူကြပေမယ့် သောကဖြစ်လို့ခံစားရတဲ့ ပူမှုကတော့ အတူတူပါပဲ။ ဒါကြောင့် မည်သို့မည်ပုံ သောကကို ဖယ်ရှားရှင်းလင်းသင့်တယ်ဆိုတာကို အကြံပြုတဲ့သဘော၊ သတိမထားမိတဲ့အပိုင်းလေးတွေကို သတိပေးတဲ့သဘောနဲ့ ရေးသားထားပါတယ်။ လူမှုဘဝတွေကို ကျင်လည်ရတဲ့အခါ နေ့စဥ်တွေ့ကြုံခံစားနေရမှုတွေ အခြေခံပြီး ပေါ့ပါးလွတ်လပ်စွာ ရေးသားတင်ပြထားပါတယ်။ စာပိုဒ်တိုပေမယ့် ဆိုလိုရင်းကို ခြုံငုံမိတဲ့အထိ ကျစ်လျစ်ထားတာဖြစ်တဲ့အတွက် သောကကို အမြန်ဆုံးနဲ့ အထိရောက်ဆုံး ရှင်းလင်းဖယ်ရှားပေးပါလိမ့်မယ်" လို့ ဆရာကောင်းပြည့်သော်က ဆိုထားပါတယ်။ ဒီစာအုပ်ဟာ ပထမအကြိမ်မှာကတည်းက လူကြိုက်များခဲ့တဲ့စာအုပ်ဖြစ်ပြီး ယခုတတိယအကြိမ်မှာလည်းဖြည့်စွက်ပြင်ဆင်ရိုက်နှိပ်ထားတာကြောင့် စာဖတ်ပရိသတ်တွေကြိုက်နှစ်သက်စေမယ့် စာအုပ်ဖြစ်မယ်လို့ ယုံကြည်ပါတယ်။ ကိုယ်တိုင်ဖတ်ဖို့ဖြစ်စေ ချစ်ခင်ရသူတွေကို လက်ဆောင်မွန်ပေးဖို့ဖြစ်စေ အမှန်ကန်ဆုံးရွေးချယ်မှုလို့ဆိုရမယ့် စာအုပ်ကောင်းလေးတစ်အုပ်ဖြစ်ပါတယ်ရှင့်။
ကောင်းပြည့်သော် စာအုပ္မ်ား
chevron_right
Privacy Policy