အပူသစ်နှင့် ရယ်ကြပါသည်
မောင်စိန်ဝင်း(ပုတီးကုန်း)၊ ဟိန်းဆက်သွင်
4000 က်ပ္
အပူသစ်နှင့် ရယ်ကြပါသည်
🖊စာရေးဆရာ မောင်စိန်ဝင်း(ပုတီးကုန်း)၊ ဟိန်းဆက်သွင်
🗒 စာမျက်နှာ 141
ပုံနှိပ်မှတ်တမ်း ပထမအကြိမ်
💸 တန်ဖိုး Ks 4,000
‘အပူသစ်နှင့် ရယ်ကြပါသည်’ က ဆရာကြီး မောင်စိန်ဝင်း(ပုတီးက�
��န်း) ရဲ့ ‘အပူသစ်နှင့် လူဖြစ်စေသတည်း’ ဝတ္ထုလတ်တစ်ပုဒ်ရယ် ဆရာဟိန်းဆက်သွင်ရဲ့ ‘မရယ်ရ၍ ရယ်ကြပါသည်’ ဝတ္ထုလတ်တစ်ပုဒ်ရယ် ဝတ္ထုလတ်နှစ်ပုဒ်ပေါင်းပြီး တစ်အုပ်တင်ဆက်ထားတဲ့ စာအုပ်ပါ။ ရသစာပေချစ်သူတို့ အရသာသစ်တစ်ခု ခံစားမိစေဖို့ တင်ဆက်ထားတဲ့ စာအုပ်လေးတစ်အုပ်ဆိုလဲ မမှားပါဘူး။
ဆရာကြီး မောင်စိန်ဝင်း(ပုတီးကုန်း) ရဲ့ ‘အပူသစ်နှင့် လူဖြစ်စေသတည်း’ ဟာ ဆရာကြီးရဲ့ စာပေလက်ရာအများစုမှာ မြင်တွေ့ရတဲ့ ကံ့ကော်မြေ၊ အင်းယား၊ တက္ကသိုလ်မြေ စတာတွေကို ဖတ်ရှုရမှာ မဟုတ်ပါဘူး။ အရာရှိလစာ ထောင်ဂဏန်း၊ ဝန်ထမ်းလစာ ရာဂဏန်း၊ ဆီတစ်ပိဿာ သုံးဆယ့်လေးကျပ်၊ ဗယာကြော်တစ်ခု သုံးတယ့်ငါးပြား အစရှိတဲ့ ခေတ်ကာလတစ်ခုမှာ စက်ရုံလုပ်သားအဖြစ် တာဝန်ထမ်းဆောင်သူ အလုပ်သမားလေး သိန်းထူးနဲ့ သူ့လိုပဲ အလုပ်သမလေး အေးအေးမြင့်တို့ရဲ့ အချစ်ဇာတ်လမ်းနောက်ခံ ဘဝသရုပ်ဖော် ဇာတ်လမ်းကောင်းတစ်ပုဒ်ကို ဖတ်ရှုရပါမယ်။ ကိုယ်စီ မိသားစုတွင်း မိဘတွေရဲ့ ကျန်းမာရေး၊ မောင်နှမတွေရဲ့ ပညာရေး၊ အလုပ်တွင်း ပြဿနာတွေလို အခက်အခဲတွေ ကိုယ်စီကြောင့် ချစ်လျက်နဲ့ အိမ်ထောင်မပြုနိုင်သေးတဲ့ သူတို့ရဲ့ အချစ်ဇာတ်လမ်းကို ဖတ်ရှုရင်း တစ်ခေတ်တစ်ခါက ဘဝအမောတွေကြား ကြည်နူးဖွယ် အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို ဆရာကြီး မောင်စိန်ဝင်း(ပုတီးကုန်း) က ‘အပူသစ်နှင့် လူဖြစ်စေသတည်း’ မှာ တင်ပြထားပါတယ်။
ဆရာဟိန်းဆက်သွင်ရဲ့ ‘မရယ်ရ၍ ရယ်ကြပါသည်’ မှာက ယနေ့ကာလလို့ ဆိုရမယ့် သက္ကရာဇ် ၂၀၀၀ ခုနှစ်တစ်ဝိုက်က လူငယ်တွေရဲ့ ယုံကြည်ချက်၊ အချစ်၊ အလုပ်အကိုင် စတဲ့ သူတို့တွေရဲ့ ဘဝတွေကို မြင်တွေ့ရမယ်။ တက္ကသိုလ် အောင်ပြီးနောက်ပိုင်း စာရေးဆရာပဲ လုပ်မယ်ဆိုတဲ့ ဘဝယုံကြည်ချက်နဲ့ ရှင်သန်နေထိုင်ခဲ့သူ ပီယ။ ပီယမှာ ကျောင်းနေဖက် သူငယ်ချင်း ၂ ယောက်ရှိတယ်။ ကျော်စွာနဲ့ ညီညီအောင်။ ကျော်စွာက ဘဝအတွက် ကိုရီးယားသွားပြီး အလုပ်လုပ်တယ်။ ညီညီအောင်က သင်္ဘောတက်တယ်။ ပီယကတော့ သူ့ယုံကြည်ချက်အတိုင်းပဲ စာပေနယ်ထဲမှာ နေရာတစ်ခုရအောင် နေထိုင်ရှင်သန်တယ်။ စာပေနယ်ထဲမှာ ရှင်သန်နေထိုင်သူတို့ ပေးဆပ်ရတဲ့ အရာအားလုံးကို ပီယတစ်ယောက် ဘာမှမမှုဘဲ ဖြတ်ကျော်ခဲ့သလို သိပ်ချစ်ရတဲ့ မြသက်ပန် တစ်ယောက် သူမအဒေါ်စီစဉ်ပေးမှုနဲ့ စင်ကာပူ ထွက်ဖို့ ဖြစ်လာတဲ့အခါမှာလည်း ပီယဟာ ငွေရှာဖို့အတွက် တစ်ခုတည်းနဲ့ စာပေနယ်ကို ကျောခိုင်းပြီး ချစ်သူနောက် လိုက်မသွားခဲ့ပါဘူး။ ချစ်လျက်နဲ့ ရေခြားမြေခြား ခွဲခဲ့ရတဲ့ ပီယနဲ့ မြသက်ပန်တို့ ဆုံဆည်းမှာလား။
အချိန်ကာလ သက္ကရာဇ်တွေဟာ အမြဲတမ်း ပြောင်းလဲနေမှာ ဖြစ်ပေမယ့် လူသားတို့ရဲ့ ကြားက ချစ်ခြင်းတရား၊ မိသားစုတွင်း အခက်အခဲတွေနဲ့ ပျော်ရွှင်စရာတွေ၊ ယုံကြည်ချက်တွေဟာ အမြဲဖြစ်တည်နေတာပါ။ ‘အပူသစ်နှင့် လူဖြစ်စေသတည်း’ နဲ့ ‘မရယ်ရ၍ ရယ်ကြပါသည်’ ဝတ္ထုလတ် နှစ်ပုဒ်ပေါင်း တစ်အုပ်ဖြစ်တဲ့ ‘အပူသစ်နှင့် ရယ်ကြပါသည်’ ကို ဖတ်ရှုပြီး ပြောင်းလဲလာတဲ့ ခေတ်စနစ်၊ အခြေအနေ၊ ဘဝ တွေကို မြင်တွေ့နိုင်မယ်လို့ ယုံကြည်ပါတယ်။