စကားပြောတဲ့ ကိုယ်ဟန်အမူအရာ
ဆန်းတင့်
8500 က်ပ္
📖 စကားပြောတဲ့ ကိုယ်ဟန်အမူအရာ 📖
🖊 စာရေးသူ - ဆန်းတင့်
💸 တန်ဖိုး - 8500 (ပထမအကြိမ်)
🗒 စာမျက်နှာ - 334 မျက်နှာ
အောင်မြင်မှုရဖို့အတွက်
(၇) ရက်အတွင်းလေ့လာနိုင်တဲ့
“စကားပြောတဲ့ ကိုယ်ဟန်အမူအရာ”
“စက�
�းပြောတဲ့ ကိုယ်ဟန်အမူအရာ” ဆိုတဲ့ စာအုပ်မှာ ကိုယ်ဟန်အမူအရာနဲ့ ပတ်သက်လို့ အဓိကအားဖြင့် (၁) သူတစ်ပါးရဲ့ ကိုယ်ဟန်အမူအရာကို ကြည့်ပြီး အတွင်းစိတ်ကို ဖတ်ခြင်းနဲ့ (၂) မိမိကိုယ်ဟန်အမူအရာကို မှန်ကန်စွာ ပြောင်းလဲခြင်းဖြင့် နယ်ပယ်စုံမှာ အောင်မြင်မှုအရယူခြင်းဆိုတဲ့ အပိုင်း (၂) ပိုင်း ပါပါတယ်။ ဒီအချက် (၂) ချက်ကို လေ့လာခြင်းအားဖြင့် လူ့အကြောင်း တိတိကျကျ သိလာမှာ ဖြစ်တဲ့အတွက် ခေါင်းဆောင်အနေနဲ့ မိန့်ခွန်းပြောတဲ့အခါ၊ အစည်းဝေး ခန်းထဲမှာပဲ ဆွေးနွေးတင်ပြတဲ့အခါ၊ လူရှေ့သူရှေ့ စကားပြောတဲ့အခါ၊ အင်တာဗျူး တဲ့အခါ၊ ကုန်ပစ္စည်းမိတ်ဆက်ပွဲတွေ လုပ်တဲ့အခါနဲ့ မိသားစုအတွင်း ပြောဆို ဆက်ဆံတဲ့အခါတွေမှာ များစွာအသုံးဝင်မှာ ဖြစ်တယ်။ ဒါ့အပြင် တရားခံရဲ့ လုပ်ရပ်ကို ဖော်ထုတ်နိုင်မယ်၊ ဈေးဝယ်သူရဲ့ သဘောကိုသိလို့ အရောင်းအဝယ်ဖြစ်မယ်၊ နှစ်သက်စုံမက်သူကို ရအောင်ပိုးပန်းမယ် စတဲ့ အောင်မြင်မှုကို ရနိုင်ပါတယ်။
ဒီစာအုပ်ရဲ့ အနှစ်သာရဟာ “မိမိကိုယ်ကို ယုံကြည်မှုတည်ဆောက်ခြင်း”ဖြစ်တယ်။ ဒီစာအုပ် (၇)ရက် သင်ခန်းစာကို စကားရပ်တစ်ခုတည်းနဲ့ ချုပ်လိုက်ရင် ]သတိပြုပါ} လို့ သတိပေးလိုက်တာပဲ။ ကိုယ်ဟန်အမူအရာကို မှားယွင်းစွာ အသုံး မပြုမိအောင် သတိပြုရမယ့် အချက်တွေကို ဖော်ပြထားပါတယ်။ ပျော်ရွှင်ခြင်းက တံခါးလာခေါက်တဲ့အထိ စောင့်မနေဘဲ ဒီတစ်စက္ကန့်စပြီး ပျော်ရွှင်မှုကို အရယူဖို့ အားပေးထားတယ်။ ကိုယ်ဟန်အမူအရာကို တတ်ကျွမ်းတာဟာ သူတစ်ပါးမောင်း တဲ့ကားကို လိုက်ပါစီးရတဲ့ ခရီးသည်နေရာကနေ ကိုယ့်စိတ်တိုင်းကျ မောင်းနိုင်တဲ့ မောင်းသူနေရာ ပြောင်းလဲရောက်ရှိတာဖြစ်တယ်လို့ ဒီစာအုပ်က ခေါင်းဆောင် နေရာကို ပို့ဆောင်ပေးထားပါတယ်။
ပေါ့ပေါ့ပါးပါးနဲ့ ဖတ်ရင်း လေ့ကျင့်၊ ပေါ့ပေါ့ပါးပါးနဲ့ လေ့ကျင့်ရင်း ဖတ်ရမယ့် စိတ်ခွန်အားစာအုပ်ဖြစ်တဲ့အပြင် စာအုပ်ရှေ့ပိုင်းမှာ အခြေအနေတိုင်းအတွက် ၇ စက္ကန့်စာ ပြင်ဆင်မှုများဟာ သင့်ဘဝ အောင်မြင်ရေးအတွက် လက်နက်ကောင်း နမူနာတွေဖြစ်လို့ စာဖတ်သူ ဉာဏ်ရှိသလို အသုံးပြုနိုင်တဲ့ စာအုပ်တစ်အုပ်လို့ ဆိုနိုင်ပါကြောင်း ဖော်ပြလိုက်ရပါတယ်။