📖 ချစ်ခြင်းရဲ့ကြိုးဝိုင်း 📖
🖊 စာရေးသူ - မင်းသစ်လွင်
💸 တန်ဖိုး - 4000 (ပထမအကြိမ်)
🗒 စာမျက်နှာ - 80 မျက်နှာ
ချစ်ခြင်းရဲ့ကြိုးဝိုင်း
တစ်ယောက်နဲ့တစ်ယောက် သွေးသံတရဲရဲနဲ့ ယှဉ်ပြိုင်ထိုးသတ်ကြရတဲ့ ကြ�
��ုးဝိုင်းထဲကို လူတိုင်းမဝင်ဘူးခဲ့ကြပေမယ့် အချစ်ဆိုတဲ့ကြိုးဝိုင်းထဲကိုတော့ ခင်ဗျားတို့ကျွန်တော်တို့တွေ ၀င်ဖူးကြပါလိမ့်မယ်။
၀င်ခဲ့ဖူးသည်ရှိသော် ခင်ဗျားက အဲ့ဒီကြိုးဝိုင်းထဲမှာ တင်ကျန်နေဆဲသူလား၊ ဒါမှမဟုတ် ဒဏ်ရာတွေနဲ့ဆင်လာခဲ့ပြီးသူလား...။ ဒါမှမဟုတ်သေးရင် နောက်ထပ်အဲဒီကြိုးဝိုင်းထဲကို ၀င်ဖို့အစီအစဉ်ရှိနေသူလား...။
ဒီကြိုးဝိုင်းထဲ ၀င်မယ့်သူတွေကိုတော့ ကျွန်တော့်အနေနဲ့အမှာပါးလိုက်ပါရစေ...။ အဲဒီကြိုးဝိုင်းထဲမှာ
ဒိုင်လူကြီးမရှိဘူး။ အလံဖြူမရှိဘူး။ နာကျင်လာတဲ့အခါ နားခွင့်ရဖို့ အနားတောင်းချိန်ဆိုတာမျိုးလည်း မရှိဘူး။