အကျင့်တွေပြောင်းရင် ဘဝလည်းပြောင်းမယ်
မျိုးလွင်(MBA)
5500 က်ပ္
အကျင့်ဆိုးများကို ပြုပြင်ကာ ဘဝနေထိုင်မှုပုံစံ
ပြောင်းလဲပေးမယ့် စာအုပ်ကောင်းတစ်အုပ် . . .
• လူတိုင်းမှာ အကျင့်ကောင်းနဲ့ အကျင့်ဆိုးတွေ ရောပြီးရှိကြပါတယ်။ သူဌေးအကျင့်နဲ့ ဆင်းရဲသားအကျင့်လ�
�ု့ ဆိုနိုင်ပါတယ်။ သူဌေးဆိုတာ ငွေတစ်ခုတည်းပဲကြွယ်ဝတာမဟုတ်ပါဘူး။ စိတ်ကျန်းမာရေး၊ ကိုယ်ကျန်းမာရေး၊ ဆက်ဆံရေး ၊ လူမှုရေး စတာတွေမှာလည်း ပြည့်စုံကြွယ်ဝတာဖြစ်ပါတယ်။
• အကျင့်တစ်ခုကိုဖျက်ရတာ မလွယ်ပါဘူး။ ဦးနှောက်ကအကျင့်တွေကို အကာအကွယ်ပေးနေပါတယ်။ အကြောင်းကစွမ်းအင်မသုံးရလို့၊ လောင်စာဆီသက်သာလို့ဖြစ်ပါတယ်။ ဒါပေမဲ့ ဒါကိုလှည့်စားပြီး မကောင်းတဲ့အကျင့်တွေကို ဖျက်လို့ရပါတယ်။ ဘယ်လိုလုပ်ရင်ရတယ်ဆိုတဲ့အကြောင်း သုတေသနတွေ့ရှိထားတာတွေကို ဒီစာအုပ်ထဲမှာ ဖော်ပြထားပါတယ်။
• သင့်ဘဝ သင့်အခြေအနေ သေချာပေါက်ပြောင်းလာပါလိမ့်မယ်။ သာမန်လူ ၁၇၇ ယောက်က ဘယ်လိုနည်းတွေနဲ့သန်းကြွယ်သူဌေးတွေဖြစ်လာကြပုံကို ဒီစာအုပ်မှာ သုတေသနလုပ်ပြီးမျှဝေထားပါတယ်။
• ဒီစာအုပ်ကို ရေးသားသူဟာ ကြိုးစားပြီး သန်းကြွယ်သူဌေးကြီးတွေ ဖြစ်လာတဲ့ သူတွေရဲ့ အကျင့်တွေကို နှစ်အတန်ကြာ ကြိုးစားပမ်းစား သုတေသနလုပ်ရာကနေ သာမန်လူတွေက သန်းကြွယ်သူဌေးဖြစ်လာစေတဲ့ အကျင့်ကောင်းတွေကို ခွဲခြားသိရှိလာခဲ့ပါတယ်။ အောင်မြင်မှုဆိုတာ လူကုံထံတွေ၊ ချမ်းသာတဲ့လူတွေဆီကိုပဲ လက်ဆင့်ကမ်းပေးရမယ့် ကန့်သတ်ချက်တစ်ခု မဟုတ်တော့ပါဘူးဆိုတာကို သူက ယုံကြည်ထားပါတယ်။
• ဘဝမှာ သင်ဟာ ဘယ်နေရာမှာရှိနေပါစေ ဒီစာအုပ်က သင့်ကို အောင်မြင်မှုဆီကို လမ်းပြပေးမှာ ဖြစ်ပါတယ်။
ဒီစာအုပ်ကို ဖတ်ပြီးရင် သင်သိလာမှာတွေက ဒါတွေပါပဲ...
• ကျွန်တော်တို့ဆီမှာ ဘာကြောင့်အကျင့်တွေရှိရသလဲ
• ချမ်းသာမှု၊ ဆင်းရဲမှုတွေ ဖြစ်စေတဲ့ အကျင့်တွေ
• အိုင်ကျူမြင့်စေတဲ့ အကျင့်တွေ
• ရောဂါတွေ လျော့ကျစေပြီး အသက်ရှည်စေတဲ့ အကျင့်တွေ
• စိတ်ဓာတ်ကျတာကို ဖယ်ထုတ်ပစ်ပြီး ပျော်ရွှင်မှုတိုးလာစေမယ့် အကျင့်တွေ
• ဘဝမှာ သင့်ရဲ့ အဓိကရည်ရွယ်ချက်ကို တွေ့ရှိစေဖို့ နည်းလမ်းကောင်းတွေ
• အကျင့်မြန်မြန်ပြောင်းစေဖို့ အရာတွေ စတဲ့ ကောင်းခြင်းအဖြာအဖြာတွေကို သိရှိရမှာဖြစ်ပါတယ်။