အကြည်ရှိတယ်
ဆလိုင်းသန်းဇော်ဝင်း
5500 က်ပ္
🍀စာအုပ်အမည် - အကြည်ရှိတယ် 🍀စာရေးသူ - ဆလိုင်းသန်းဇော်ဝင်း 🍀စာမျက်နှာ - 152 🍀တန်ဖိုး - 5500 ks #စာညွှန်း စာရေးသူတိုင်း စေတနာကိုအရင်းခံပြီး ရေးကြသည်မှာ ထူး၍ ပြောစရာမလိုတော့ပြီ။ စာရေးသူတစ်ယေ�
��က်အတွက် အရေးအကြီးဆုံး၊ အခြေခံအကျဆုံး မရှိမဖြစ်လိုအပ်သည့် အချက်တစ်ချက်ကို ပြောပါဟု ဆိုလျှင် ရိုးသားခြင်းဟုပင် ဖြေရပေလိမ့်မည်။ ဟုတ်သည်။ စာရေးသူတစ်ယောက်အတွက် ရိုးသားမှုသည် ရှိကို ရှိရမည့် အရာဖြစ်၏။ မိမိကိုယ်တိုင်က ရိုးသားနေပါမှ စာဖတ်သူများအတွက် အဆိပ်အတောက်ကင်းသော၊ အယူအဆ မှန်ကန်သော အသိပညာ၊ ရသများကို အပြည့်အဝ ရရှိခံစားရစေမှာပင် ဖြစ်သည်။ သည်စာအုပ်ထဲတွင် တဏှာကာမ (၁၅၀၀) အချစ်ဝတ္ထုများကို တွေ့ရမည်တော့ မဟုတ်။ လူငယ်များ၊ ကျောင်းသားများအတွက် ပြုပြင်ရေးဝတ္ထုများ၊ တောဓလေ့တောစရိုက် တိရစ္ဆာန်မျာအကြောင်း၊ မိဘမေတ္တာဖွဲ့ ဝတ္ထုတိုများ စသည့် (၅၂၈) မေတ္တာဝတ္ထုတိုများကိုသာ ဖတ်ရှုခံစားရမည် ဖြစ်ပါသည်။ မေတ္တာဟုသုံးနှုန်းရသော်လည်း မေတ္တာစစ်တွေချည်း တွေ့ရမည်တော့မဟုတ်။ မိဘက သားသမီးအပေါ် မေတ္တာနှင့်ရောယှက်ကာ အတ္တပါဝင်နေသည်မျိုးလည်း ရှိ၏။ မေတ္တအကြောင်းကို ဦးတည်ရေးကြသော်လည်း အတ္တအကြောင်းပါဝင်နေသည်ကို စာရေးသူတော်တော်များများ အမှုမဲ့ အမှတ်မဲ့ ရှိတတ်ကြ၏။ ကိလေသာအဖုံဖုံ ရောယှက်နေသော လူ့သဘာဝစရိုက်များကို ရေးသားကြရာတွင် အတ္တသည် အနည်းနှင့်အများတော့ ပါဝင်နေမည်ဖြစ်၏။ မေတ္တာခေါင်းစဉ်တပ်ပြီး မေတ္တာမစစ်မှန်သဖြင့် အပြစ်မဆိုသာပါ။ ကိလေသာ သဘောကြောင့်သာ ဖြစ်၏။ သို့သော် အဆိပ်အတောက်မပါသောကြောင့် အရွယ်သုံးပါးလုံး ဖတ်ရှုရန် သင့်လျော်ကြောင်း အာမခံညွှန်းဆိုဝံ့ပါသည်။ သည်စာအုပ်နှင့် ပတ်သက်ပြီး ပြောစရာ တစ်ခုကျန်ပါသေး၏။ စာမူ(၁၅)ပုဒ်လုံးကို ရသအစုံဖြင့် သီကုံးထား၏။ စာဖတ်သူများ ဖတ်ရှုကြည့်သည့်အခါ စာမူများ အားလုံးသည် တစ်ပုဒ်နှင့်တစ်ပုဒ် မတူညီကြသော ရသများကိုယ်စီ ပေးစွမ်းနေပါလိမ့်မည်။ စာအုပ်၏ ထူးခြားချက်ကား တစ်အုပ်ထဲတွင် ရသ အစုံအလင် ခံစားရရှိနိုင်ခြင်းပင် ဖြစ်သည်။ ``အင်ကြင်းပွင့်တို့၏ ဒိုင်ယာရီ´´ စာအုပ်ကို ဖတ်ရှုပြီး `ဆလိုင်းသန်းဇော်ဝင်း´ ၏ နောက်ထပ် လက်ရာများကို ဆက်လက်မျှော်လင့်နေကြကြောင်း၊ သဘောကျကြိုက်နှစ်သက်ကြကြောင်း မေတ္တာစာများ ပေးပို့ကြသည့်အတွက် များစွာ ဝမ်းမြောက်ရပါသည်။ ယခုစာအုပ်သည် ပထမစာအုပ်ကဲ့သို့ လုံးချင်းဝတ္ထုရှည် မဟုတ်သော်လည်း စာဖတ်သူများအတွက် ဖတ်ရှုရကျိုးတန်ပါလိမ့်မည်ဟု ဆိုချင်ပါသည်။
ဆလိုင်းသန်းဇော်ဝင်း စာအုပ္မ်ား
chevron_right
Privacy Policy