မေတ္တာသံစဉ်
နော်လီကို(မကွေး)
5500 က်ပ္
🍀စာအုပ်အမည် - မေတ္တာသံစဉ် 🍀စာရေးသူ - နော်လီကို(မကွေး) 🍀စာမျက်နှာ - 144 🍀တန်ဖိုး - 5500 ks #စာညွှန်း နော်လီကို(မကွေး)ရဲ့ တစ်ကိုယ်တော် ရသဝတ္ထုတိုစုစည်းမှုလေးဖြစ်တဲ့ ''မေတ္တာသံစဉ်'' ဝတ္ထုတိုပေါင်းခ�
��ုပ် စာအုပ်လေးထွက်ရှိလာပါပြီ။ စာအုပ်လေးအတွက် အမှာစကား တွင် အမျိုးသားစာပေဆုရ ဆရာတင်လင်းဇော် က ''ကျွန်တော်တို့ငယ်ငယ်က ကြည့်ခဲ့ရသော မေတ္တာရှင်မလေးငြိမ်းငြိမ်းအိ ရုပ်ရှင်ဇာတ်ကားတွင် ကလေး သရုပ်ဆောင် အင်္ဂလန်စိန်မှာ အမည်ရင်းပျောက်ပြီး ငြိမ်းငြိမ်းအိ အမည် သို့ရောက်ခဲ့ရသလို ယခုလည်း မေတ္တာသံစဉ်တို့ဖြင့် လွှမ်းခြုံထားသော ဆရာမ နော်လီကိုအား 'မေတ္တာရှင်မလေး နော်လီကို' ဟုသာ အမည်ပေးချင်ပါတော့သည်'' ဟု ရေးသားဖော်ပြခဲ့ရာ ''မေတ္တာသံစဉ်'' စာအုပ်တွင် မေတ္တာကိုဖော်ညွှန်းသော မည်သို့သော ဝတ္ထုတွေပါသလဲ...။ မကွေးမြို့နယ်စာရေးဆရာအသင်း ဥက္ကဋ္ဌ ဆရာမြား(၈၈) ၏ မုဒိတာစကားတွင် ''နက်ရှိုင်းတဲ့ မေတ္တာသံစဉ်ကို စာဖတ်ရင်း တစိမ့်စိမ့်ခံစားရလိမ့်မယ်လို့ ထင်မိပါတယ်'' လို့ ရေးသားထားခဲ့ရာ မေတ္တာသံစဉ်ဝတ္ထုတိုစာအုပ်လေးက မည်သို့သော ရသကို ပေးစွမ်းနိုင်ပါသလဲ...။ ဆရာကြီးမောင်သာ (ရှေးဟောင်းသုတေသန)/ကောင်းစည်သူ ၏ မုဒိတာစကားတွင် ''ရှေးဟောင်းသုတေသနသမားက မြေပြင်ကိုတူးဖော်၍ အထောက်အထားများကို တင်ပြသကဲ့သို့ ရသစာပေဖန်တီးသူများကလည်း လူသားများ၏ နှလုံးသားနှင့် ပတ်ဝန်းကျင်ကိုတူးဖော်ကာ ဘ၀ရသ စာပေအလှများကို ဖန်တီးကြမြဲဖြစ်ပါ၏'' ဟု ရေးသားထားရာ မေတ္တာသံစဉ် စာအုပ်လေးက လူသားများရဲ့နှလုံးသားကို ဘယ်လိုတူးဖော်ထားသလဲ...။ စသည်...စသည်ဖြင့်... ဖော်ညွှန်းထားကြပါသော ''မေတ္တာသံစဉ်'' စာအုပ်လေးကို ဝယ်ယူဖတ်ရှုအားပေးနိုင်ပါပြီ။
Privacy Policy