စိတ်ပင်ပန်းခြင်းမှ ပျော်ရွှင်ခြင်းဆီသို့
သဟာဆွေလှိုင်း
5000 က်ပ္
±±±±±±±±±±±±±±±±±±±±±±±±±±
🍀စာအုပ်အမည် - စိတ်ပင်ပန်းခြင်းမှ ပျော်ရွှင်ခြင်းဆီသို့
🍀စာရေးသူ - သဟာဆွေလှိုင်း
🍀စာမျက်နှာ - ၁၃၆
🍀တန်ဖိုး - ၅၀၀၀ ကျပ်
#စာညွှန်း
"စိတ်ပင်ပန်းခြင်းမှ ပျော်ရွှင်ခြင်းဆီ�
��ို့" စာအုပ်လေးကို စာအပုဒ်ရေ (၆၇) ပုဒ်နဲ့ ဖန်တီးထားပါတယ်။ ဒီစာအုပ်လေးက အဆင်မပြေမှုတွေကို ကျော်ဖြတ်ဖို့နဲ့ ဘဝကို ပျော်ရွှင်စွာဖြတ်သန်းနိုင်ဖို့ စိတ်ခွန်အားဖြစ်စေမယ့် Motivation စာအုပ်လေးပါ။
Motivation ဆိုပေမယ့် ပေါ့ပေါ့ပါးပါးလေးနဲ့ စိတ်ခွန်အားဖြစ်စေမယ့် အကြောင်းအရာလေးတွေကို နားလည်လွယ်အောင် ရေးဖွဲ့ထားပါတယ်။
နေ့စဉ်ကြုံတွေ့ရတဲ့ အဖြစ်အပျက်တချို့ကို စကားလုံးတွေအဖြစ် ပြောင်းလဲထားပါတယ်။
- မိသားစုအပေါ် တာဝန်ကျေချင်တဲ့သူတစ်ယောက်ဖြစ်ချင်ကြောင်း၊
- ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို သန်မာစွာနဲ့ကျော်ဖြတ်ပြီး ပျော်ရွှင်အောင်နေကြောင်း၊
- ပင်ပန်းနေရင်လည်း အားတင်းထားသင့်ကြောင်း၊
- ကိုယ့်အပေါ်ကျေးဇူးရှိတဲ့သူတွေအပေါ် ကျေးဇူးဆပ်ချင်တဲ့အကြောင်း၊
- ဘယ်သူ့ကိုမှ မကောင်းဘူးမပြောဘဲ ကိုယ့်ကိုယ်ကိုယ် ကောင်းအောင်နေတဲ့အကြောင်းတွေ အပြင် လူတချို့ကြောင့် စိတ်တွေပင်ပန်းခဲ့ပြီး...
- စိတ်ပင်ပန်းခြင်းမှ ရုန်းထွက်နိုင်ဖို့၊
- ဖြစ်တည်မှုအားလုံးကို ကျေနပ်ရောင့်ရဲတတ်ဖို့၊
- ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်ရှိဖို့၊
- ဘယ်သူကိုမှအပြစ်မမြင်ဘဲ ဘဝကို အေးချမ်းစွာ၊ ပျော်ရွှင်ကျေနပ်စွာ ရှင်သန်ပြီး တန်ဖိုးရှိအောင်နေဖို့လည်း ရေးသားထားပါတယ်။
ဒီစာအုပ်လေးဖတ်ပြီးရင် စိတ်တွေ ပေါ့ပါးလန်းဆန်းပြီး စိတ်ခွန်အားတွေ ရပါလိမ့်မယ်။
ပင်ပန်းတာတွေ ပျောက်ဖို့နဲ့ နေ့ရက်တိုင်း ပျော်ရွှင်စွ ာဖြတ်သန်းနိုင်ဖို့အတွက် အထောက်အကူဖြစ်စေမယ့် စာအုပ်လေးဖြစ်တာမို့ ဖတ်ကြည့်ဖို့ အကြံပေးချင်ပါတယ်။