Sapiens ဆေပီယန်သမိုင်း ပုံပြ အတွဲ (၁)(လူသားမွေးဖွားခြင်း)
အောင်ဝင်း မြန်မာပြန်သည်
15000 က်ပ္
နိုင်ငံတကာမှာ အရောင်းရဆုံး လူသားဖြစ်ပေါ်တိုးတက်မှုသမိုင်းလေ့လာဖို့ အပြည့်စုံဆုံး ကျောင်းစာသင်ခန်းမှ ဆွေးနွေးခန်းမတွေအထိ ရည်ညွှန်းအသုံးပြုနေတဲ့စာအုပ်။
Yuval ရဲ့ Sapiens လူသားသမိုင်းစာအုပ�
��ကို စာဖတ်ပရိတ်သတ်တွေ ရင်းနှီးပြီးဖြစ်တဲ့အတွက် ရုပ်ပြအနေနဲ့ လူသားသမိုင်းကို ကနဦးအစကနေ ရှင်းရှင်းလင်းလင်း လေ့လာနိုင်မှာ ဖြစ်ပါတယ်။ ရေးဆွဲသူကတော့ Daniel Casanave ဖြစ်ပါတယ်။
မူရင်းစာအုပ်က လူ့သမိုင်းကြောင်းကို ဟိုးအစကနေ ရှင်းပြတော့ အချို့စာမျက်နှာများမှာ ဖတ်နေရင်းနဲ့ ဒီအကြောင်းအရာကို ပိုမိုသိချင်တဲ့အခါမျိုးတွေ ရှိတတ်ပါတယ်။ မူရင်းစာအုပ်မှာမပါ ဒီစာအုပ်မှာ ထည့်ပေးထားတာကတော့ စာဖတ်သူတွေ ပိုပြီးစိတ်ဝင်စား လွယ်ကူသွားအောင် ထပ်မံရှင်းပြမည့် ဗီဒီယိုဖိုင် QR ကို ထည့်သွင်းပေးထားပါတယ်။ ဒီ ဗီဒီယိုတွေက National Geographic လို စိတ်ဝင်စားစရာ အရမ်းကောင်းတဲ့ YouTube channel တွေကဖြစ်ပါတယ်။ ဒီတော့ ပုံပြ သမိုင်းအကြောင်းလည်းဖတ်ရင်း အရုပ်ရော အသံရောဖြင့် ရှင်းပြတဲ့ ဗီဒီယိုကြည့်မယ်ဆိုရင်တော့ သမိုင်းစာအုပ်က ဘယ်မှာပျင်းစရာကောင်းတော့မှာလဲ။