ကာနယ်ဆန်ဒါစ်၊ကန်တပ်ကီကြက်ကြော်နှင့် KFC
ရီလွင်
4500 က်ပ္
KFC ရဲ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကို
မိတ်ဆက်ပေးထားတဲ့ စာအုပ်တစ်အုပ်ပဲ ဖြစ်
ပါတယ်။KFCကြက်ကြော်ကို ဖန်တီးခဲ့တဲ့ မူလ စားဖိုမှူးကြီး ကာနယ်ဆန်ဒါစ်ရဲ့ ဘဝသမိုင်း
ကြောင်း တစ်စိတ်တစ်ဒေသ ပါဝင်
လို့ စိတ်အား တက်ကြွဖွယ်ရာနဲ့ ဆွတ်ပျံ့နှစ်သက်ဖွယ် ဖြစ်
နေစေပေမယ့် တကယ်တော့ ဒီစာအုပ်ဟာ သမိုင်းကြောင်းတစ်ခုကိုပဲ ဖော်ပြနေတာ
မဟုတ်ပါဘူး။ ကမ္ဘာတစ်ဝန်း အောင်မြင်
ကျော်ကြားလာတဲ့ ထုတ်ကုန်တစ်ခုရဲ့ စီးပွား
ရေး သမိုင်းကြောင်းပဲ ဖြစ်ပါတယ်။
ကမ္ဘာကျော် စီးပွားရေး နည်းဗျူဟာတွေမှာ
စံနှုန်းလွဲမှားနေတာတွေ၊ ဖန်တီးသူနဲ့ ထုတ်ကုန်
ကို လျစ်လျူပြုတဲ့ စီမံခန့်ခွဲမှုရဲ့ အားနည်းချက်
နဲ့တကွ အရောင်းမြှင့်တင်ရေး အမြင်လွဲချော်မှု
တွေကို ဝေဖန်ထောက်ပြထားတဲ့ စာတစ်အုပ်ပဲ
ဖြစ်ပါတယ်။
ဒါကြောင့် နားထောင်ကောင်းတဲ့ ပုံပြင်လေး
တစ်ပုဒ်လို သဘောထားပြီး ဖတ်ရမယ့်အပြင် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း တည်ထောင်နေသူ
တွေ၊လုပ်ကိုင်နေသူတွေ နဲ့ စီးပွား စီမံခန့်ခွဲမှုနဲ့
အရောင်းမြှင့်တင်မှု လုပ်ငန်းဆောင်ရွက်သူတွေ
ဖတ်ရှုသင့်တဲ့ စာအုပ်တစ်အုပ်လို့ ဆိုနိုင်ပါတယ်။