ဆရာမ မေလှိုင်းဖြူက ငပလီကမ်းခြေမှာ နေထိုင်သူတစ်ဦးဖြစ်ပြီး ငပလီကမ်းခြေဒေသ လူနေမှု
ဘဝအထွေထွေကို သုတ၊ ရသ နှောပြီး ဝတ္ထုလေးတွေ ဖန်တီးနေတတ်သူဖြစ်ပါတယ်။
ငပလီကမ်းခြေဒေသမှ ဖြစ်စဥ်များက ကျွန�
��မအား စာရေးဖြစ်စေရန် အမြဲလှုံ့ဆော်လျက်ရှိပြီး ကမ်းခြေလူနေမှု အခြေအနေများကို မှတ်တမ်းတင်စေဖို့ရာ မိမိမှာ တာဝန်တစ်ရပ် အဖြစ်ခံယူထားပါတယ်လို့ ဆရာမက ဆိုထားပါတယ်။
ပင်လယ်ကမ်းခြေ ဝတ္ထုရေးရန်အတွက် တကူးတက ကွင်းဆင်းလေ့လာစရာမလိုဘဲ လိုသလောက်ခပ်သုံး မကုန်နိုင်တဲ့ ရေတွင်းကြီးပမာ ဒေသန္တရ ဗဟုသုတများစွာကို ကံကောင်းစွာပိုင်ဆိုင်ထားလို့ စိတ်မှာ ထိရှတဲ့အခါတိုင်း စာရေးဖြစ်ပါတယ်လို့လည်း ဆရာမက ဆိုထားပါသေးတယ်။
ဆရာမက ပင်လယ်ကြီးရဲ့ ညို့ယူနိုင်စွမ်းတဲ့အလှကိုခြယ်မှုန်းပြသတယ်။ လှိုင်းတွေတဝုန်းဝုန်းရိုက်ခတ်နေတာကို ရသအပြည့်နဲ့ ထုံမွမ်းတယ်။ ကမ်းခြေနေ ပြည်သူတွေရဲ့ဘဝကြမ်းကြမ်းတွေ၊ မောဟိုက်ပင်ပန်းစွာ ရုန်းကန်ရပုံတွေကို ခံစားချက်အပြည့်နဲ့ နာနာကျင်ကျင် ပူးကပ်တင်ပြတယ်။
သုတ၊ ရသ မျှတအောင် ဖန်တီးရေးဖွဲ့ ရက်လုပ် ပုံဖော်ထားတဲ့ ဆရာမရဲ့စာတွေဖတ်ရင်း ငပလီကို ကိုယ်တိုင်ရောက်ရှိသွားသလို ခံစားရမှာ ဖြစ်ပါတယ်။
ဒေသခံတွေရဲ့ ဘဝတွေကို ကိုယ်တိုင်မြင်တွေ့ရသလို ဖြစ်ပြီး ဒေသန္တရ ဗဟုသုတအစုံအလင်နဲ့အတူ ဆရာမပြောပြတဲ့ ရိုးရာဓလေ့၊ ဘဝမောဟိုက် ပင်ပန်းမှုတွေကို ထဲထဲဝင်ဝင်ခံစား သိရှိ နားလည်ရမှာဖြစ်ပါတယ်။
မဂ္ဂဇင်းမှာ ဖော်ပြပါရှိပြီးသား ဝတ္ထုတို ၁၂ ပုဒ်ပါဝင်တဲ့ ''ပင်လယ်ကြီးရဲ့ ဘေး'' ဝတ္ထုတိုစုစည်းမှုစာအုပ်လေးက စာချစ်သူတွေ ဖတ်သင့် ဖတ်ထိုက်တဲ့ စာအုပ်လေးဖြစ်ကြောင်း ညွှန်းဆိုလိုက်ရပါတယ်။