ဟိုမိုဒူးရပ်စ် (Homo Deus)
ညီနောင်(Humber)
20000 က်ပ္
ရောဂန္တရာကပ်၊ သတ္ထန္တရကပ်၊ ဒုဗ္ဘိက္ခန္တရကပ် ဆိုတဲ့ ရောဂါဘယဘေး၊ စစ်မက်ဘေး ငတ်မွတ်ခေါင်းပါးခြင်းဘေးတွေကို လူသားတို့ သမိုင်းတလျှောက် ကာလရှည်ကြာ ဒုက္ခခံစားခဲ့ရာက ခေတ်သစ် စိုက်ပျိုးရေးနည�
��းပညာတွေ ဆေးသိပ္ပံတွေ၊ ဘယ်တုန်းကနဲ့မှ မတူတဲ့ ငြိမ်းချမ်းမှုတွေ ရရှိလာခဲ့တာကြောင့် လူသားတွေအနေနဲ့ မိမိတို့ရဲ့ စွမ်းပကားတွေကို စိတ်ရှိတိုင်း ချဲ့ထွင်ဖို့ အားထုတ်ရာမှာ ဟိုမို ဆေပီယန်စ် (အသိဉာဏ်ရှိသော လူသား) ဆိုတာကနေ ဟိုမို ဒူးရပ်စ် နတ်ဘုရားလို တန်ခိုးစွမ်းအင်တွေ ပိုင်ဆိုင်ထားတဲ့ လူသားတွေ ဖြစ်လာတော့မလား . . . အသက်ဇီဝကို ဆွဲဆန့်နိုင်တဲ့ ဆေးသိပ္ပံတွေ၊ ကမ္ဘာမြေနဲ့တကွ ပတ်ဝန်းကျင်တရပ်လုံးကို လောင်မြိုက်သွားစေမယ့် လက်နက်ဆန်းတွေ၊ ဘယ်လို အရပ်ဒေသကိုမဆို တမဟုတ်ချင်း အလိုရှိတိုင်း ဆက်သွယ်သွားလာနိုင်မယ့် ယာဉ်ပျံတွေ၊ အတတ်သိပ္ပံတွေ စသဖြင့် တိုးတက်လာခဲ့ရာမှာ လူသားတွေအနေနဲ့ နောင်တချိန် သက်ရှိဇီဝရုပ်နဲ့ ကွန်ပျူတာတို့ကို ချိတ်ဆက်ပြီး ကာလအသင်္ချေ ရှင်သန်လာတော့မလား . . . လူသားတွေရဲ့ ပကတိ စွမ်းပကားထက် ကျော်လွန်စွမ်းဆောင်ပြနိုင်တဲ့ Artificial Intelligence ဆိုတဲ့ ဉာဏ်ရည်တုတွေကြောင့် လူသားတွေရဲ့ အရေးပါမှုတွေ ဆုံးရှုံးရတော့မှာလား . . . အထက်တန်းလွှာ လူတန်းစားတွေဆီ နည်းပညာရင်းမြစ်တွေ ရောက်ရှိသွားတဲ့နောက် ပစ္စည်းမဲ့ လူတန်းစားတွေအဖို့ ဘယ်နေရာမှာမှ အသုံးချလို့ မရနိုင်တော့တဲ့အထိ အဆင့်နိမ့်သွားဖို့ ရှိသလား . . . အနာဂတ်ရဲ့ လုပ်အားဈေးကွက် ကုန်ထုတ်လုပ်မှု အတတ်ပညာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအဆောက်အအုံတွေကရော ဘယ်လိုများ ရှိပါ့မလဲ . . . စသဖြင့် အနာဂတ် လူသားသမိုင်းကို ခန့်မှန်း ဟောကိန်းထုတ်ထားတဲ့ နယူးယောက်ခ်တိုင်းမ်စ် အရောင်းရဆုံး စာရေးသူ ယူဗယ်လ် နိုအာ ဟာရာရီရဲ့ ဟိုမို ဒူးရပ်စ် (နတ်ဘုရား လူသား) စာအုပ်ကို ပြန်လည်မှာယူနိုင်ပါပြီခင်ဗျာ . . .
ညီနောင်(Humber) စာအုပ္မ်ား
chevron_right
Privacy Policy