မြတ်ဗုဒ္ဓ၏ ပရိတ်တရားတော်များ
ဦးအောင်စိုးဦး
6000 က်ပ္
မြတ်ဗုဒ္ဓ၏
ပရိတ်တရားတော်များ . . .
" မြတ်ဗုဒ္ဓ၏ ပရိတ်တရားတော် " စာအုပ်ကို ပြုစုရေးသားရာ၌
အပိုင်းသုံးပိုင်းခွဲခြား၍ ပြုစုထားပါသည်။
အခန်း (၁) တွင် ပရိတ်တော်များအကြောင်း သိကောင်းစရာ များကို ပ
ရိတ်ကြီး(၁၁)သုတ်ကို ခြုံငုံ၍ သိသင့်သည့် အခြေခံ အချက် အလက်များကို ဗဟုသုတ လိုလားသူများအတွက် ရှာဖွေစုဆောင်း လေ့လာရေးသားထားပါသည်။
အခန်း (၂) တွင် ပရိတ်ကြီး ဆယ့်တစ်သုတ်ပါ ပရိတ်တော် များကို တစ်သုတ်ခြင်း သီးခြားခွဲ၍ ပါဠိ၊ အနက်၊ အသံထွက်၊ မြန်မာ ပြန်များနှင့်တစ်ကွ ယှဉ်တွဲဖော်ပြထားသဖြင့် လေ့ကျင့် ကျက်မှတ်နိုင် ပါသည်။
အခန်း (၃) တွင် ပရိတ်တော်များ လက်တွေ့ ရွတ်ဖတ်ပူဇော် နိုင်ရန် ဝတ်ရွတ်စဉ်များအဖြစ် အနှစ်ချုပ်၍ စီစဉ်ထားပါသည်။ ဤစာအုပ်ပါ ကျင့်စဉ်များ၊ ဝတ်ပြုနည်းများ၊ ပရိတ်တရား တော် ရွတ်ဖတ်ပူဇော်နည်းများသည် ဆရာအစဉ်အဆက် လမ်းညွှန် သွန်သင်ထားချက်များသာ ဖြစ်ပါသည်။ သို့ပါ၍ ပညာဓိက ဗုဒ္ဓ ဘာသာဝင်များအဖြစ် လိုက်နာကျင့်ကြံပူဇော်ရမည့် အလွန်ကောင်း မြတ်သော ကျင့်စဉ်များ ဖြစ်ပါသည်။
“မြတ်ဗုဒ္ဓ၏ ပရိတ်တရားတော်” စာအုပ်ကို မိမိတို့၏ လက်စွဲ စာအုပ်အဖြစ် သွားလေရာ၌ မိမိတို့နှင့်အတူ ယူဆောင်နိုင်သလို အိမ်တိုင်း၊ မိသားစုတိုင်း၌လည်း အသင့်ဆောင်ထား၍ ဖတ်ရှုရမည့် စာအုပ်အဖြစ် ရည်ရွယ်ပြုစုထားပါသည်။
“စာတစ်လုံး ဘုရားတစ်ဆူ”ဟူသော ဆိုရိုးစကားနှင့်အညီ “မြတ်ဗုဒ္ဓ၏ ပရိတ်တရားတော်’များကို လေးနက်ရိုသေစွာ ရွတ်ဆိုပွား များခြင်းဖြင့် အန္တရာယ်များ ကင်းကြပါစေ။ စည်းစိမ်ဥစ္စာများ တိုး တက်ကြပါစေ။ ကျက်သရေ မင်္ဂလာအပေါင်း ပြည့်စုံကြပါစေ။ တရားထူး တရားမြတ်များ တစ်ဆင့်ပြီး တစ်ဆင့် ရရှိကြပါစေ။
အထူးသဖြင့် လောကဓံများ ရိုက်ခတ်ချိန်၊ ကပ်ဘေး၊ ရန်ဘေး၊ အန္တရာယ်ဘေးတို့ ကျရောက်ချိန်၌ “မြတ်ဗုဒ္ဓ၏ ပရိတ်တရားတော်' … များ ဘုန်းတန်ခိုးအာနိသင်များကြောင့် မကောင်းသော ဘေးရန်ဟူ သမျှ မြူမျှမကပ် မငြိ၊ မတွယ် မရောက်၊ ပပျောက်ကုန်သည်ဖြစ်၍ နှလုံးစိတ်ဝမ်းအေးချမ်းပျော်ရွှင်၊ လောကီချမ်းသာ၊ လောကုတ္တရာ ချမ်းသာ၊ နှစ်ဖြာသောချမ်းသာများ ပြည့်ဝ၍ ကောင်းကျိုးအဖုံဖုံ ပြည့် စုံကြစေရန် ရည်သန်၍ 'မြတ်ဗုဒ္ဓ၏ ပရိတ်တရားတော်များ စာအုပ်ကို ပြုစုရေးသားခြင်း ဖြစ်ပါသည်။
'မြတ်ဗုဒ္ဓ၏ ပရိတ်တရားတော်'များက ပေးစွမ်းသည့် သိဒ္ဓိ တန်ခိုးဂုဏ် အဖုံဖုံ ပြည့်စုံကြပါစေ။
ဦးအောင်စိုးဦး