Dear Me ကိုယ်တိုင်ဖတ်ဖို့
AD
6000 က်ပ္
လူတွေဟာ အခြားသူတွေ၊ အခြားအရာတွေကို လိုတာထက်ပိုပြီး ဂရုစိုင်ရင်း၊ တန်ဖိုးထားရင်း၊ ချစ်ရင်း၊ အချိန်ပေးရင်း၊ ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့၊ တန်ဖိုးထားဖို့ အချိန်ပေးဖို့ မ
ေ့နေလေ့ရှိပါတယ်။
ဒါကို Self - neglect ဖြစ်တယ်လို့ ခေါ်ပါတယ်။ Self - neglect ဟာ မိမိဘဝကို အဖက်ဖက်ကနေ အောက်ဆုံးထိ ဆွဲချနိုင်တဲ့အတွက် ကိုယ်က Self - neglect ဖြစ်နေတယ်ဆိုရင် အချိန်မီ ဆင်ခြင်ပြီး Self - care ပြန်လုပ်ဖို့ လိုအပ်ပါတယ်။ ဒါကတော့ "Dear Me..." စာအုပ်လေးရဲ့ ပထမအပိုင်းဖြစ်ပါတယ်။
နောက်တစ်ပိုင်းကတော့ အကြည်ဓာတ် စုဆောင်းခြင်းပါ။
လူတွေဟာ ရှင်သန်ရသမျှ ကာလပတ်လုံး ပျော်ရွှင်မှုနဲ့ အေးချမ်းမှုကို ဦးစားမပေးဘဲ စိတ်ဆိုးစိတ်ညစ်တွေနဲ့ ယှဉ်တွဲနေထိုင်လေ့ရှိပါတယ်။ အချိန်ကုန်နေလေ့ရှိပါတယ်။
အဲ့ဒီလိုနေထိုင်ရင်း အကြည်ဓာတ်လေးတွေ ပျောက်ဆုံးလာပြီး ဘဝဟာ အဆုံးသတ်ခါနီးလေ အဓိပ္ပါယ်မဲ့လေ ဖြစ်လာနိုင်ပါတယ်။ ရှင်သန်နေသမျှ စက္ကန့်တိုင်းမှာလည်း ပူလောင်ခြင်းအတိနဲ့ ပျော်ရွှင်စရာရယ်လို့ မရှိဖြစ်လာနိုင်ပါတယ်။
စိတ်ဆိုးစိတ်ညစ်တွေကို လျော့ချနိုင်လာတဲ့အခါ လူဟာ အကြည်ဓာတ်လေးတွေပြည့်လာပြီး အကြည်ဓာတ်ရဲ့ အာနိသင်တွေနဲ့အတူ ပျော်ရွှင်အေးချမ်းခြင်းအတိနဲ့ သက်ဆုံးတိုင် နေထိုင်သွားရပါလိမ့်မယ်။ ဒါကတော့ "Dear Me..." စာအုပ်လေးရဲ့ ဒုတိယအပိုင်း ဖြစ်ပါတယ်။
စာအုပ်ထဲမှာ Ad ကိုယ်တိုင်ရေးဖွဲ့ထားတဲ့ စာစုတိုလေးတွေ၊ reference ယူပြီး ဘာသာပြန်ထားတဲ့ ကမ္ဘာကျော် quotes တွေ ပါဝင်ပါတယ်။ ဒီစာအုပ်လေးကိုဖတ်တိုင်း Self - Neglect တွေပျောက်ပြီး Self - care တွေ ရှိလာစေဖို့ ပူလောင်မှုတွေကင်းပြီး အကြည်ဓာတ်လေးတွေရရှိလာစေဖို့အတွက် Ad က အကောင်းဆုံး ကြိုးစားတင်ဆက်ထားပါတယ်။