လောကသားတို့အတွက်မြတ်ဗုဒ္ဓ၏ကြိုးပမ်းချက်(ပထမတွဲ)
ဒေါက်တာဘဒ္ဒန္တနန္ဒမာလာဘိဝံသ
20000 က်ပ္
လောကသားတို့အတွက်
မြတ်ဗုဒ္ဓ၏ ကြိုးပမ်းချက်
ဤကျမ်းစာကြီးသည် လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါအားလုံးအတွက် ဗုဒ္ဓမြတ်စွာ၏ ကြိုးပမ်းတော်မူခဲ့ပုံကို (၈၂) ညတိုင်တိုင် ပါမောက္ခချုပ်ဆရာတော်ကြီး အနယ်နယ် အ
ရပ်ရပ်တွင် ဟောကြားတော်မူခဲ့သော တရားတော်ကြီးဖြစ်သည်။
ဗုဒ္ဓမြတ်စွာ ဖွားမြင်တော်မူသည်မှစ၍ ပရိနိဗ္ဗာန်စံသည့်တိုင်အောင် (၄၅) ဝါ ကာလအတွင်း ဗုဒ္ဓမြတ်စွာ၏ ဖြစ်တော်စဉ်များ၊ လောကသားတို့အတွက် ဆင်းရဲဒုက္ခခံ၍ ကယ်တင်ခဲ့ပုံများကို ပဋိကတ်သုံးသွယ်၊ နိကာယ်ငါးရပ်တို့မှ ထုတ်နုတ်ဟောကြားထားသည့် တရားတော်ကြီးဖြစ်သည်။
ဤကျမ်းစာကြီး၏ ထူးခြားချက်မှာ ဗုဒ္ဓမြတ်စွာအား အနန္တတန်ခိုးရှင်ကြီးအဖြစ် မဟုတ်ဘဲ မဟာလူသားကြီး၊ မဟာကရုဏာရှင်ကြီးအဖြစ် သရုပ်ဖော်ဟောကြားထားခြင်းဖြစ်သည်။ အခြားသော ဗုဒ္ဓဝင်ကျမ်းများနှင့် မတူဘဲ တစ်မူကွဲပြားသော ရှုထောင့်မှ မီးမောင်းထိုး သုံးသပ်ဟောကြားထားသည့် ကျမ်းစာကြီးဖြစ်ပါသည်။