မရွာသွန်းတတ်သောတိမ်တို့၏ တတိယရပ်ဝန်းတွင်
ခွန်းညိုသွေး
4500 က်ပ္
ဤဝတ္ထုတွင် ညီမလေး၏
တိမ်တိုက်တချို့ဝင်ရောက် ရွာသွန်းပါသည်။
(က)
သင်ရဲ့ အိပ်မက်တွေမှာ မြွေတွေရှိပါသလား။
သင့်ရဲ့ နေ့စဉ်ဘဝမှာရော ခန္ဓာကိုယ်ပေါ်ကို မြွေတွေတက်လာနေသလို အသက်ရှူမဝတဲ့ ဖြစ�
��ရပ်တချို့ကို ကြုံဖူးပါသလား။
ပြီးတော့ အဲဒီအချိန်မျာ သင်ဟာ မြွေဆိပ်ဖြေဆေးကို တောင့်တမိပါသလား။
(ခ)
နှလုံးခုန်သံတွေ မြန်လာတယ်။
ချွေးစေးတွေ ပြန်လာတယ်။
အော့အန်ချင်လာတယ်။
မူးဝေပြီး ပြိုလဲသွားချင်တယ်။
ကြောက်ရွံ့မှုတွေဟာ လူတစ်ကိုယ်လုံးကို ဝါးမျိုးသွားတယ်။ အန္တရာယ် အချက်ပေးခေါင်းလောင်းသံတွေက နားထဲမှာ ဆူညံသွားတယ်။
တစ်ခါတလေ ထိုင်ချလိုက်ရတယ်။
တစ်ခါတလေ မေ့ပစ်လိုက်ရတယ်။
တစ်ခါတလေ ရပ်တန့်လိုက်ရတယ်။
ပရိုဂရမ်တစ်ခု ထည့်သွင်းရေးဆွဲမှုမှာ အသားကျနေတဲ့ လူသားစက်ရုပ်တစ်ရုပ်ကို သင်တွေ့ဖူးပါလား။
(ဂ)
သစ်ပင်တစ်ပင် ရှင်သန်ကြီးထွားလာတဲ့ အချိန်မှာ
ဘာတွေလိုအပ်လိမ့်မယ်လို့ သင်မျှော်လင့်ထားဖူးပါသလဲ။