"နာကျင်စွာ လှပလွန်းတယ် . . . တစ်ပြိုင်တည်းမှာ ပဟေဠိဆန်တဲ့ လူသတ်မှုတစ်ခု၊ ကြီးပြင်းအရွယ်ရောက်လာတဲ့ လွမ်းမောဖွယ်ဇာတ်လမ်း၊ ဆွတ်ပျံ့ဖွယ်အချစ်ပုံပြင်နဲ့ သဘာဝတရားကို ချီးကျူးဂုဏ်ပြုထားတဲ့ ဇာ�
��်လမ်းတစ်ပုဒ် . . ."
#The New York Time Book Review
မြောက်ကယ်ရိုလိုင်းနားကမ်းရိုးတန်းက ဆိတ်ငြိမ်တဲ့မြို့ငယ်လေးဖြစ်တဲ့ ဘာကလေးကိုးမှာ "စိမ်တောထဲက မိန်းကလေး" ရဲ့ ကောလာဟလတွေဟာ နှစ်ပေါင်းများစွာကြာအောင် ခြောက်လှန့်နေခဲ့တယ်။
၁၉၆၉ ခုနှစ်နှောင်းပိုင်းမှာ ရုပ်ရည်ချောမောတဲ့ ချေ့စ်အန်ဒရူးစ် သေဆုံးနေတာကိုတွေ့ရှိတဲ့အခါ ဒေသခံတွေက စိမ့်တောထဲက မိန်းကလေးလို့ခေါ်တဲ့ ခိုင်ရာကလာ့ခ်ကို ချက်ချင်းဆိုသလို သင်္ကာမကင်းဖြစ်ခဲ့ကြတယ်။
ဒါပေမဲ့ ခိုင်ရာက သူတို့ပြောသလို မဟုတ်ဘူး။ သိမ်မွေ့ပြီး ဉာဏ်ရည်ထက်မြက်တဲ့သူမဟာ အိမ်လို့မှတ်ယူထားတဲ့ စိမ့်တောထဲမှာ စင်ရော်ငှက်တွေကို မိတ်ဖွဲ့ရင်း သဲထဲမှာ သင်ခန်းစာတွေကို ရှာဖွေရင်း နှစ်အတော်ကြာအောင် သူမတစ်ယောက်တည်း ရှင်သန်ခဲ့ရတယ်။
ဒီလိုနဲ့ သူမဟာ တစ်စုံတစ်ယောက်နဲ့ ချစ်ကျွမ်းဖို့ မျှော်လင့်တမ်းတတဲ့အချိန်ကို ရောက်လာခဲ့တယ်။ မြို့ထဲက လူငယ်နှစ်ယောက်က သူမရဲ့ အရိုင်းဆန်တဲ့ အလှတရားကို စိတ်ဝင်စားလာတဲ့အခါ ခိုင်ရာဟာ ဘဝစာမျက်နှာသစ်တစ်ခုကို သူမကိုယ်တိုင် ဖွင့်လှစ်ခဲ့တယ် . . .
နောက်ဆုံး မတွေးဝံ့စရာ ကိစ္စ ဖြစ်လာတဲ့အခါမှာတော့ . . . ။