ညီတော်အာနန္ဒာ တစ်သက်တာမှတ်တမ်း ဒုတိယတွဲ
ဝဏ္ဏသီရိ
15000 က်ပ္
ဒ္ဓဘုရားရှင်၏ ဖြစ်စဉ်တော်များနှင့်တကွ သာဝကကြီး၊ သာဝကငယ် အသီးအသီးတို့၏ အတ္ထုပ္ပတ္တိများ၊ သက်ဆိုင်သည့်အကြောင်းခြင်းရာများကို ညီတော်အာနန္ဒာက တစ်ဆင့်ပြောပြတဲ့ ပုံစံဖြင့်ရေးသားထားတဲ့စာ�
��ုပ်ဖြစ်ပါတယ်။ ညီတော်အာနန္ဒာ၏ တစ်သက်တာမှတ်တမ်းဟု ဘောင်ခတ်ထားသည့်အတိုင်း ဤစာအုပ်တွင် ညီတော်အာနန္ဒာ၏ တစ်သက်တာအတွေ့အကြုံများ၊ ခံစားချက်များနှင့် ရှုမြင်သုံးသပ်ချက်များကို အဓိကထား၍ တင်ပြထားပါတယ်။ ညီတော်အာနန္ဒာ၏ တစ်သက်တာမှတ်တမ်းစာအုပ်ဟာ စာပေဗိမာန်မှ ထုတ်ဝေတဲ့ ဂန္ထဝင်စာပေစာတမ်းများစာအုပ်တွင် ပိဋကတ် မြန်မာပြန် အမျိုးအစားထဲက ဂန္ထဝင်စာအုပ်တစ်အုပ်အဖြစ်မှတ်တမ်းဝင်ထားတဲ့စာအုပ်၊ စတင်ထွက်ပေါ်ချိန်မှစပြီး နှစ်ပေါင်းလေးဆယ်တိုင်တိုင် အကြိမ်ကြိမ်ပြန်လည်ရိုက်နှိပ်ခံရပြီး ဓမ္မစာပေဖတ်ရှုသော ရဟန်းပုဂ္ဂိုလ်၊ လူပုဂ္ဂိုလ် စာဖတ်ပရိတ်သတ်များရှေ့မှောက်တွင် မပြတ်တမ်းရှိနေနိုင်ခဲ့တဲ့စာအုပ်ဖြစ်ပါတယ်။ ညီတော်အာနန္ဒာ၏ တစ်သက်တာမှတ်တမ်းစာအုပ်ကိုဖတ်ရှုရာတွင် သက်တော်ထင်ရှားမြတ်စွာဘုရားကို ဖူးတွေ့နေရသကဲ့သို့၊ သက်တော်ထင်ရှားမြတ်စွာဘုရား ကြွတော်မူရာသို့ လိုက်ပါ၍ ကြည်ညိုနေရသကဲ့သို့ ခံစားရသည်ဟု ဖတ်ရှုပြီးသူများကဆိုပါတယ်။
ဝဏ္ဏသီရိ စာအုပ္မ်ား
chevron_right
Privacy Policy