တစ်တောလုံးကြွေ
မောင်ဒေါင်း
2500 က်ပ္
စာရေးသူ - မောင်ဒေါင်း စာမျက်နှာ - ၁၈၈ ‘လွန်ခဲ့သော တစ်ရံရောက ကျွန်တော်သည် ထိုအကြောင်းအရာကို ကဗျာရေးမည် ပြုဖူးလေသည်။ သို့သော် ကဗျာက ထိုအကြောင်းအရာကို ကဗျာအဖြစ် လက်မခံပြန်။ ထိုအခါ ကျွန်တေ
ာ်လည်း မတတ်နိုင်တော့လို့ ထိုအကြောင်းအရာကို ဝတ္ထုတိုကလေးအဖြစ် ဖန်တီးလိုက်မိပေသည်။ သို့သော် ခံစားမှုဖြင့် စိပ်မှုန်သော ထိုဝတ္ထုတိုကလေးသည် ကျွန်တော် ကြိုးစားမဖန်တီးပါလျက် ကဗျာတစ်ပုဒ်နှင့် ဆင်ဆင်တူနေတာကို တွေ့ရပေတော့သည်’ နှစ်ကာလများ စာပေကနေ ဒုတိယအကြိမ် ပြန်လည်ထုတ်ဝေလိုက်တဲ့ ဆရာမောင်ဒေါင်းရဲ့ တစ်တောလုံးကြွေ စာအုပ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဝတ္ထုတိုစုစည်းမှုလို့ အမည်တပ်ရမယ့် ဒီစာအုပ်ထဲမှာတော့ တစ်တောလုံးကြွေ၊ ငါးညမြောက် ခေါ်သံ၊ လရောင် ကြယ်ပွင့် သစ်ရိပ်နှင့် အလွမ်း၊ အမှာ သို့မဟုတ် တမ်းတခြင်း သင်္ချ ိုင်းမြေ၊ တယောတံဆိပ် မီးခြစ်နှင့် ဆေးလိပ်တိုများ၊ နှင်းငွေ့ဝေမှုန် ရင်ခုန်ခဲ့ရ ငါ့ဘဝ၌ ညပေါင်းများစွာ၊ နှင်းတွေ ဝေတုန်းက၊ ဆေးရုံည၌ နွမ်းလျရင်ခုန် ကြယ်မှုန်လင်းစိပ် အိပ်မရတော့၊ ခရစ္စတီးနား၏ ကမ္ဘာ၊ လှေ မရှိသူများ၊ အိုင်ပက်သူများ၊ နောက်ဆုံး မနက်စာ၊ ဟေမန္တ ရုပ်ပုံလွှာ စတဲ့ ဝတ္ထုတိုတွေ ပါဝင်ပါတယ်။ ပထမအကြိမ် ထုတ်ဝေခဲ့တုန်းက အိုင်ပက်သူများ၊ နောက်ဆုံးမနက်စာ၊ ဟေမန္တရုပ်ပုံလွှာ ဒီဝတ္ထုတိုသုံးပုဒ် မပါဝင်ခဲ့ဘဲ အခု ဒုတိယအကြိမ် ပုံနှိပ်မူမှာ ထပ်မံဖြည့်စွက်ပုံနှိပ်ထားတာပါ။ ပြင်းရှတဲ့ ရသခံစားမှုတွေနဲ့ တစ်ပုဒ်ချင်းစီအလိုက် စာဖတ်သူရဲ့ စိတ်နှလုံးကို သိမ်းကြုံးဖမ်းစားမယ့် ဝတ္ထုတိုတွေမို့ လက်တို့လိုက်ပါတယ် စာချစ်သူတို့ရေ။
မောင်ဒေါင်း စာအုပ္မ်ား
chevron_right
Privacy Policy