ဒုတိယကမ္ဘာစစ်ကြီး အပြီး နှစ်ပေါင်း နှစ်ဆယ် အကြာမှာ ဖက်ဆစ် ဂျာမဏီ တွေရဲ့ မြို့တော် ဘာလင်ကို သိမ်းပိုက်ခဲ့တဲ့ ဆိုဗီယက်ယူနီယံ ရဲ့ စစ်သူကြီး မာရှယ်အိုင်ကိုနက်ဗ် ဟာ မော်စကို မှာ အင်္ဂလိပ်ဘာသ�
�� နဲ့ ထုတ်တဲ့ နိုင်ငံတကာရေးရာ စာစောင်မှာ အခန်းဆက် ရေးခဲ့တဲ့ ဆောင်းပါးရှည်ကြီး ကို ရေးသားခဲ့ ပါတယ် ။ အနောက်အုပ်စု လို့ ခေါ်တဲ့ မဟာမိတ်တပ်ပေါင်းစု က ဗိုလ်ချုပ်ကြီးတွေရေးတဲ့ ဒုတိယကမ္ဘာစစ်ကို အဆုံးသတ်စေခဲ့တဲ့ ဘာလင်မြို့သိမ်းတိုက်ပွဲကြီးအကြောင်း စာအုပ်တွေ ရေးခဲ့တာ မှာ ဆိုဗီယက်ရုရှားတပ်တွေရဲ့ အခန်းကဏ္ဍဟာ မှေးမှိန်နေလို့ စစ်အတွင်း မှတ်တမ်းတင် ထားတဲ့ အထောက်အထားတွေနဲ့ သူ့ အတွေ့အကြုံ တွေကို သုံးသပ်ချက်တွေနဲ့ တကွ ရေးသားလိုက်ပါတယ် ။