ချက်ကော့ ဝတ္ထုတိုပေါင်းချုပ်
ကျော်အောင်
5000 က်ပ္
ဆရာကျော်အောင် ဘာသာပြန်ခဲ့သော စာအုပ်ပေါင်းများစွာထဲမှ ကမ္ဘာ့ဂန္ထဝင်စာရေးဆရာ ချက်ကော့၏ ဝတ္ထုတိုဘာသာပြန်များကို စုစည်းထားခြင်းဖြစ်သည်။ ပုံနှိပ်စာအုပ်အဖြစ် ထုတ်ဝေခြင်းမရှိခဲ့သော ဘာသာပ�
��န်ဝတ္ထုတို (၄)ပုဒ်ကို ထပ်မံဖြည့်စွက်ထားပြီး ပြန်လည်ထုတ်ဝေခြင်းဖြစ်သည်။ထပ်မံဖြည့်စွက်ထားသည့် ဝတ္ထုတို (၄)ပုဒ်မှာ
#စာသင်ပရီရှီဘေယက်
#မှားချက်ကဖြင့်
#တစ်ကျွန်းစံ
#ဝမ်းနည်းကြေကွဲရတာ ဘယ်သူ့ကိုပြောပြရမလဲစာရေးဆရာချက်ကော့သည် ဆရာဝန်စာရေးဆရာတစ်ယောက်ဖြစ်သည်။ ထို့ပြင် ၁၈၈၀ မှ ၁၈၈၉ ခုနှစ်အတွင်း ဝတ္ထုတိုပေါင်း (၃၀ဝ) ကျော် ရေးသားခဲ့ပြီး သူကွယ်လွန်ချိန်တွင် အသက် (၄၄) နှစ်သာရှိသေးသည်။ ၁၈၈၈ ခုနှစ်တွင် In The Twilight ဝတ္ထုတိုများအတွက် ပွတ်ရှကင်းဆုကို ချီးမြင့်ခြင်းခံရသည်။ ချက်ကော့၏ဝတ္ထုတိုများသည် စက်ရုံအလုပ်သမားများဘဝ၊ လယ်သမားများဘဝ၊ အရက်ကျွန်တို့၏ဘဝများကို အသေးစိတ် ပုံဖော်ရေးသားခဲ့သည်။ဆရာကျော်အောင်သည် ၂၀ဝ၀ ပြည့်နှစ်တွင် ကွယ်လွန်ခဲ့သည်။ ဆရာ ကွယ်လွန်ချိန်တွင် စာပေလောကအတွက် စာအုပ်ကောင်းများစွာ ဘာသာပြန်ပေးခဲ့သည်။ ဆရာကျော်အောင် ဘာသာပြန်လက်ရာများစွာထဲမှ တောရိုင်းမြေ၊ အရေးကြီးပြီ သွေးစည်းကြစို့၊ အိုဂျေရုဆင်၊ နေဝင်ဘုရင်များ စာအုပ်များမှာ အမျိုးသားစာပေဆု ချီးမြင့်ခြင်းခံရသည်။ ၁၉၈၆ ခုနှစ်တွင် နိုင်ငံ့ဂုဏ်ရည် ဒုတိယအဆင့်၊ ၁၉၉၉ ခုနှစ်အတွင် အရှေ့တောင်အာရှစာပေဆု (S.E.A Writers Award) ချီးမြင့်ခံရသည်။