"ချစ်သောငါ ပျော်ရွှင်ပါစေ" ဆိုတဲ့အတိုင်း ကျွန်တော်တို့ မပျော်ရွှင်ခဲ့ရတာအတော်လေးကြာခဲ့ပြီ၊ ဒီလိုပဲ ပျော်ရွှင်မှုနဲ့ ဝေးကွာနေတဲ့ အချိန်တွေကလည်း ရှည်ခဲ့ပြီ။
ဒီစာအုပ်လေးက သင့်ဘဝကိုယ်သ�
�်ပြန်ပြီး Remind ပြန်ပေးဖို့၊ သတိပေးဖို့၊ အမြဲတမ်းစိတ်ဓာတ်ကျတိုင်း၊ လမ်းမှားတွေရောက်တော့မယ်ကြံတိုင်း ဖွင့်ဖတ်သင့်တဲ့ စာအုပ်လေးဖြစ်သလို၊ ပျော်ရွှင်မှုကို ရှာလေဝေးလေ ဖြစ်နေတဲ့ သူတချို့တွေအတွက်လည်း ပျော်ရွှင်မှုအစစ်အမှန်ကို နားလည်သဘောပေါက်လာအောင် ရေးသားထားတဲ့ စာစုလေးတွေဆိုလည်းမမှားပါဘူး။
စာအုပ်ထဲကခေါင်းစဥ်အတိုင်းပဲ ပျော်ရွှင်မှုနဲ့ ကိုယ့်ကိုကိုယ် ချစ်တတ်ဖို့၊ သန်မာဖို့ပဲလားဆိုရင်မဟုတ်ပါဘူး။
ဒီစာအုပ်ထဲမှာ လူငယ်တွေအတွက်အခြေခံထားတဲ့ စာတွေ၊ အောင်မြင်ပျော်ရွှင်လိုသူတွေအတွက် ဆောင်းပါးတွေအပြင်၊ ကျွန်တော့်ရဲ့ တကယ်ဖြစ်ခဲ့တဲ့ အကြောင်းအရာတွေအပေါ်မှာ အခြေခံပြီး ရေးထားတဲ့စာစုမျိုးစုံ၊ သုတမျိုးစုံကို ပေးစွမ်းနိုင်မည့်စာအုပ်လေးပဲဖြစ်ပါတယ်။
ဘယ်သူတွေအဓိကဖတ်သင့်လဲဆိုရင် လူကြီး၊လူငယ်မရွေး ဖတ်လို့ရမယ့်စာမျိုးတွေပါ၊ လူငယ်တွေအတွက် ပိုပြီးရည်ရွယ်သလို၊ ပျော်ရွှင်မှုနဲ့ဝေးကွာပြီး ဘဝကြီးကိုစိတ်ကုန်နေသူတွေအတွက် အဖတ်သင့်ဆုံးစာအုပ်လေးတစ်အုပ်ဆိုတာကို အာမခံပါတယ်။
ဒီစာအုပ်လေးဖတ်ပြီး ကိုယ့်ဘဝအတွက်ပိုပြီး အကျိူးရှိတာတွေကိုလုပ်ဆောင်ရင်း၊ ပျော်ရွှင်ချမ်းမြေ့တဲ့ ဘဝတစ်ခုကိုပိုင်နိုင်အောင် ကိုယ်တိုင်တည်ဆောက်ဖို့ ကိုယ့်ကိုကိုယ် အားပေးနိုင်မယ်ဆိုတာ ယုံကြည်ပါတယ်။