တိရိစ္ဆာန်တွေထဲမှာဆိုရင်ခွေးက သစ္စာအရှိဆုံးလို့ပြောနိုင်ပါတယ်။ ကမ္ဘာပေါ်မှာ ရှင်သန်နေထိုင်သွားခဲ့တဲ့ သစ္စာအရှိဆုံး ခွေးတွေအကြောင်း ပြောကြမယ်ဆိုရင် သခင်ဖြစ်သူ ကွယ်လွန်သွားတာကို မသိ�
��ှာဘဲ ၁၀နှစ် နီးပါး စောင့်ဆိုင်းနေခဲ့တဲ့ ခွေးကလေး ဟချိကိုအကြောင်းကို မပြောမဖြစ်ပြောရပါလိမ့်မယ်။
ဒီစာအုပ်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၉၀ ကျော်က ဂျပန်နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ကြေကွဲဖွယ် ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေပြုပြီး ရေးသားထားတာ ဖြစ်ပါတယ်။ လူနဲ့ တိရိစ္ဆာန်ကြားက ချစ်ခြင်းမေတ္တာ၊ သစ္စာတရားတို့ကို ဖော်ကြူးထားတဲ့ စိတ်ဝင်စားဖွယ်ဇာတ်လမ်းလေးကို ဖတ်ရှုရမှာပါ။ ဆုပေါင်း ၁၀ဆုရထားတဲ့ စာအုပ်လည်းဖြစ်ပါတယ်။