ဒီစာအုပ်ငယ်လေးဟာ ကျေးဇူးတော်ရှင် အောက်စဖို့ဒ်ဆရာတော်ရဲ့ တရားသင်တန်းများမှာ ထည့်သွင်းလေ့ရှိတဲ့ အမေးအဖြေကဏ္ဍက မေးခွန်းနဲ့အဖြေတချို့ကို ပြန်လည်ပြီး ကောက်နုတ်ရေးသားပူဇော်ထားခြင်းဖြစ်�
�ါတယ်။ တက္ကသိုလ်တွေမှာ ဒါမှမဟုတ် ကျောင်းသားကျောင်းသူတွေအတွက် ကျင်းပ ပြုလုပ်တဲ့တရားပွဲတွေ၊ တရားသင်တန်းတွေမှာ မေးမြန်းတဲ့မေးခွန်းတွေကို အဓိကထားပြီး ရေးသားထားတာဖြစ်ပါတယ်။
စာအုပ်မှာပါဝင်တဲ့စာစုတိုင်းကို ဆရာတော်ရှင်းလင်း အဖြေပေးတဲ့ စိတ်ကူးအယူအဆနဲ့ အချက်အလက်တွေကို အခြေခံပြီး အများနားလည်သဘောပေါက်လွယ်တဲ့ တင်ဆက်ပုံမျိုးဖြစ်အောင် ကြိုးစားပြီးရေးသားထားတာကိုတွေ့ရပါတယ်။ စာဖတ်သူတွေ ပိုပြီးနားလည်သဘောပေါက်စေဖို့ ရည်ရွယ်ပြီး ပတ်သက် ဆက်စပ်တဲ့စာအုပ်များကို ရှာဖွေဖတ်မှတ် ရည်ညွှန်းကိုးကားပြီး အကြောင်းအရာ အချို့ကိုလည်း ထပ်ပြီး ထည့်သွင်းရေးသားထားပါတယ်။
ဒီစာအုပ်မှာပါဝင်တဲ့ စာစုတိုင်းက ဘာသာရေးနဲ့ပတ်သက်ပြီး လူငယ်တွေ သံသယဖြစ်နေတဲ့အကြောင်းအရာတွေ၊ မရှင်းမလင်းဖြစ်နေတဲ့ အကြောင်းအရာတွေနဲ့ အခက်အခဲဖြစ်နေတဲ့အကြောင်းအရာတွေကို ရှင်းလင်းအဖြေပေးထားတာ ဖြစ်ပါတယ်။
ဒီစာအုပ်ငယ်လေးမှာ
❖ ဗုဒ္ဓဘာသာ လူဦးရေများဖို့ထက်
ဒေါသနည်းတဲ့သူများဖို့ စိတ်ချမ်းသာတဲ့လူများဖို့
ပိုပြီးတော့ ဂရုစိုက်တယ်
❖ ဗုဒ္ဓဘာသာမှာ အမျိုးသမီးတွေကို
ခွဲခြားနှိမ့်ချဆက်ဆံမှုရှိသလား
❖ ဗုဒ္ဓဘာသာဝင်တွေ အဓိဋ္ဌာန်ဝင်ပြီး
ဆုတောင်းတာ အဓိပ္ပါယ်ရှိသလား
❖ ကောင်းတာလုပ်ပေးရက်နဲ့ အကောင်းမထင်ရင်
ခံစားရတဲ့စိတ်ကို ဘယ်လိုပြင်မလဲ
❖ အတင်းပြောချင်စိတ်ကို ဘယ်လိုဖျောက်မလဲ
❖ တရားထိုင်တာနဲ့ ဘုရားစာရွတ်၊
ဥပုသ်စောင့်တာ ဘယ်ဟာပိုကောင်းလဲ
❖ ဗုဒ္ဓမြတ်စွာဘုရားက ဖီလိုဆိုဖာလား
❖ အောက်စဖို့ဒ်တက္ကသိုလ်နဲ့
မြန်မာနိုင်ငံကကျောင်းတွေ ဘယ်အချက်ကွာခြားလဲ
❖ စာကျက်ရင်း စိတ်လွင့်သွားရင် ဘယ်လိုလုပ်ရမလဲ
❖ စာကို ဘယ်လိုကျက်ရမလဲ၊ စာကို ဘယ်လိုဖတ်ရမလဲ
❖ ဝေဖန်မှုတွေကို ဘယ်လိုရင်ဆိုင်ကျော်ဖြတ်ရမလဲ
❖ လောကဓံဆိုးနဲ့ ကြုံဆုံခဲ့ရတဲ့ မိဘတွေကို ဘယ်လိုစောင့်ရှောက်ကြမလဲ . . .
စသည့်မေးခွန်းများကို ရှင်းလင်းအဖြေပေးထားသည့် ဓမ္မလမ်းညွှန်ချက်တွေပါဝင်ပါတယ်။