ဖြစ်ရပ်မှန်စနစ်ဆိုးကြီးကိုနောက်ခံထားပြီး ရေးသားထားတဲ့ ယခုစာအုပ် The Boy in The Striped Pajamas ကို ၂ဝဝ၆ ခုနှစ်မှာJohn Boyne က ရေးသားခဲ့ပြီး ကမ္ဘာတစ်ဝှမ်း အုပ်ရေပေါင်း(၇)သန်းကျော်အထိ ရောင်းချခဲ့ရကာ စာပေဆုပေါင်း�
��ျားစွာ ချီးမြှင့်ခြင်း ခံခဲ့ရပါတယ်။ စာအုပ်ခေါင်းစဉ်အတိုင်း ရုပ်ရှင်ထွက်ရှိခဲ့ရာတွင်လည်း ပိုမိုအောင်မြင်မှု ရရှိခဲ့ပြီး နာဇီစစ်သားတွေအကြောင်းရိုက်ကူးခဲ့တဲ့ရုပ်ရှင်ကားစာရင်းမှာTop-10 ဝင်ခဲ့ပါ တယ်။ မြန်မာပရိသတ်အချို့ ကြည့်ဖူးခဲ့ကြပြီး အကြိုက်တွေ့ခဲ့ကြတဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ခဲ့ပါတယ်။
စာအုပ်မှာ ဟစ်တလာရဲ့အမိန့်ကြောင့် နာဇီစစ်ဗိုလ်ချုပ်ကြီးတွေဟာ ဂျူးလူမျိုးများစွာကို ရက်ရက်စက်စက် အဆိပ်ငွေ့ပေးသတ်ဖြတ်ခဲ့ကြပုံ၊ အသတ်ခံရသူတွေထဲမှာ အပြစ်မဲ့ကလေးငယ်ပေါင်းများစွာပါဝင်ခဲ့ပုံ၊ နာဇီစစ်ဗိုလ်ချုပ်ကြီးတစ်ဦး အပြစ်မဲ့ဂျူးလူမျိုးတွေအပေါ် အဆင်အခြင်မဲ့သတ်ဖြတ်ရင်း နောက်ဆုံး သူ့ရဲ့အချစ်ဆုံးသားလေးကိုပါ မှားယွင်းသတ်ဖြတ်လိုက်မိပုံအကြောင်း ရင်နင့်ဖွယ်ရေးသားထားပါတယ်။ ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ဇာတ်လမ်းမို့ အစ-အဆုံးဖတ်ကြည့်ရင် ပိုပြီးစိတ်ထိခိုက်စေမှာ သေချာပါတယ်။
အဲဒီ ကမ္ဘာကျော် မူရင်းစာအုပ်လေးကို ဆရာသက်ပိုင်က ‘‘အပြစ်မဲ့-အပြစ်သား’’ဆိုပြီး မြန်မာလို ဆီလျော်အောင် ပြန်ဆိုရေးသားထားပါတယ်။
View More ......