တစ်ချိန်က မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် အင်အားကြီး အင်ပါယာတစ်ခုအဖြစ် မော်ကြွားခဲ့သော်လည်း ၁၉ ရာစု အရောက်တွင် နယ်ချဲ့ဝါဒီ ဗြိတိသျှတို့နှင့် မယှဉ်သာတော့သည့်အခြေအနေတွင် ရန်ကုန်ရှ�
�� ဥရောပကုန်သည်အသိုင်းအဝိုင်း၏ မဆုံးနိုင်သော လောဘ၏ စေ့ဆော်တွန်းအားပေးမှုဖြင့် ဗြိတိသျှတပ်များသည် အလယ်ခေတ်အဆင့်သာရှိသေးသည့်၊ ခေတ်နောက်ကျလှသည့် မြန်မာဘုရင့်တပ်ကို စစ်ပွဲသုံးကြိမ်ဖန်တီးဆင်နွှဲပြီး နိုင်ငံကို သိမ်းပိုက်ခဲ့သည်။
၁၈၂၄ - ၂၆ နှင့် ၁၈၅၂ ခုနှစ်စစ်ပွဲများဖြင့် သိမ်းပိုက်ရရှိခဲ့သော မြန်မာ့မြေ၏ သယံဇာတ ကြွယ်ဝမှုကို မြည်းစမ်းခဲ့သော ဗြိတိသျှတို့သည် ၁၈၈၅ အရောက်တွင်မှု တစ်နိုင်ငံလုံးကို ဝါးမြိုသွားခဲ့သည်။ ဤစာအုပ်တွင် ယခင်က ဖော်ပြခဲ့ခြင်းမရှိသော မြန်မာပညာရှင်များ၏ အမြင်များ၊ သုတေသနပြုချက်များအား ဆွဲထုတ်ဖော်ပြထားသလို ဗြိတိသျှ တော်ဝင်မော်ကွန်းတိုက်မှ မှတ်တမ်းများကို သုတေသနပြု ကိုးကားဖော်ပြထားသည်။ မြန်မာ့မှတ်တမ်းများမှ နန်းတွင်းနှင့် သက်ဆိုင်သည့် စိတ်ဝင်စားဖွယ် ပန်းချီများ၊ ပုံများကိုလည်း တင်ပြထားသည်။
စာရေးဆရာက ထိုစစ်ပွဲများအတွင်း နှစ်ဖက်စလုံးမှ ပါဝင်သူ အဓိက ဇာတ်ဆောင်များ၏ အတွင်းသရုပ်ကို ဖော်ထုတ်ထားသည့်အပြင် မြန်မာပြည် ဗြိတိသျှလက်အောက် ကျရောက်ခဲ့ရသည့်အကြောင်းအရင်းတစ်ခုဖြစ်သည့် ထိုအချိန်က ဗြိတိသျှနှင့် ကိုလိုနီဝါဒ အားပြိုင်မှုကိုလည်းဖော်ထုတ်ပေးထားသည်။