နောက်ဆုံးကျတော့ ကျော်ဟိန်းကကျော်ဟိန်းပါပဲ
မောင်သာရ
3000 က်ပ္
ဘုန်းကြီးကျောင်းသားဘဝကနေ ရုန်းထွက်ပြီး ဘဝတိုးတက်ရာကိုရှာဖွေရင်းလုပ်ငန်းတစ်ခုထဲရောက်၊ သူ့အလုပ်ရှင်ရုတ်တရက်ကွယ်လွန်ချိန်မှာ ကျန်ခဲ့တဲ့အလုပ်ရှင်မိန်းမနဲ့ တိတ်တိတ်ပုန်းညားခဲ့တဲ့လူ�
�စ်ယောက်အကြောင်း။ မိန်းမရဲ့ပစားပေးမှုကို အခွင့်အရေးတစ်ရပ်လိုအသုံးချပြီး တစ်ယောက်တည်းရန်ကုန်မြို့အထိတက် သမ္မတဟိုတယ်မှာတည်းခို သုံးဖြုန်းစားသောက်ရင်း လေးကောင်ဂျင်အသိုင်းအဝိုင်းထဲ ကျွံနစ်ဝင်သွားသူ တစ်ယောက်အကြောင်း။ ကြက်၊ဝက်၊ဖါး၊ငါးရှဉ့်၊ရံကြိုး၊ရံအော၊အနီကြိုး၊ဘေးမည်း၊ကြွေခေါက်၊ခါး၊ ဘိုချွတ်၊ကုန်စည်း၊အုံး၊ငါးပြားစု၊ဆယ်ပြားစု၊တစ်မတ်စု၊ကြွေပြေး၊ကြွေပျောက်၊ကြွေမှန် စတဲ့ လေးကောင်ဂျင်အခေါ်အဝေါ်တွေကြားမှာ စီးမျောရင်း ဘဝကနှဲသမားပါးလို ဖေါင်းတစ်ခါ ပိန်တစ်လှည့် ပျော်မွေ့နေသူတစ်ယောက်အကြောင်း။ မြေကြီးကိုလက်နဲ့ရိုက်တာကမှလွဲချင်လွဲဦးမယ်။ နောက်ဆုံးဝိုင်းသိမ်းတဲ့ချိန် ထိုးသားတွေက မသေချာပေမယ့် ဒိုင်ကတော့ ပန်းပန်သွားတာပါပဲတဲ့။ ဒါကြောင့် အဲ့ဒီခေတ်အခါက ဂျင်လောကမှာ နောက်ဆုံးကျ‌​တော့ကျော်ဟိန်းကကျော်ဟိန်းပါပဲဆိုတဲ့စကား ရေပန်းစားလာခဲ့တော့တယ်။ ဆရာမောင်သာရရဲ့မူအတိုင်း လေးကောင်ဂျင်လောကကို နှိုက်နှိုက်ချွတ်ချွတ်လေ့လာ ဇာတ်ကောင်စရိုက်ပီပီနဲ့ ရေးဖွဲ့ထားတဲ့ ဝတ္ထုတစ်ပုဒ်ဖြစ်တဲ့အကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်။
မောင်သာရ စာအုပ္မ်ား
chevron_right
Privacy Policy