ခွေးလေးမိုတီနဲ့ဗရက်(မ်)ရှာ(က်)ရှက်(စ်)
မောင်ဒဿန (ဆင်ဖြူကျွန်း)
3000 က်ပ္
ဒီစာအုပ်ဟာ စာရေးသူစိတ်ကြိုက်ရွေးချယ်ထားတဲ့ ဝတ္ထုရှည်စုစည်းမှုဖြစ်ပါတယ်။ အထူးသဖြင့် ငွေတာရီမဂ္ဂဇင်းမှာ ဖော်ပြခံရတဲ့ဝတ္ထုရှည်တွေကို အစီအစဉ်တကျဖော်ပြထားပါတယ်။ တစ်ပုဒ်နဲ့တစ်ပုဒ် အကြေ�
�င်းအရာ၊ တင်ဆက်မှု၊ အရေးအသား ကွဲပြားခြားနားသလို ဝတ္ထုနောက်ခံကျောရိုးတွေကလည်း မတူပါဘူး။
အယ်ဒီတာ့စားပွဲပေါ်ဖြတ်သန်းလားတဲ့ဝတ္ထုရှည်တွေမို့ ဝတ္ထုအရည်အသွေးဘယ်လောက်ရှိတယ်ဆိုတာကို အထူးတလည် မပြောလိုတော့ပါဘူး။ ဒါပေမယ့် စာရေးသူကိုယ်တိုင်ကတော့ ‘‘ချိုအီနေတဲ့ ကြံရိုးဆစ်ကလေးကို တစိမ့်စိမ့်ဝါးရသလို ကျွန်တော့်စာတွေရဲ့ ချိုမြခြင်း သုတရသတွေ၊ အတွေးအမြင်တွေ၊ စေတနာတွေ မတွေ့ခဲ့ဘူးဆိုပါလျှင် ကျွန်တော့်ကို အညံ့စားစာရေးဆရာဟုပင် မှတ်ယူနိုင်ပါသည်’’လို့ ဆိုထားပါတယ်။