ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတည်ထောင်နည်း
မြတ်ငြိမ်း
5000 က်ပ္
ကိုယ်ပိုင်စီးပွား လုပ်လိုပေမယ့် မဝံ့မရဲဖြစ်နေသူတွေ ၊ တွန့်ရွံ့နေသူတွေအတွက် အံကိုက်ဖြစ်စေမယ့် စာအုပ်ဖြစ်ပါတယ်။ ကိုယ်ပိုင်လုပ်ငန်းတစ်ခု ထူထောင်ရာမှာ အောင်မြင်စေရန်အတွက် မိမိဘက်က ပြ�
��်ဆင်ထားရမယ့် အချက်တွေ၊ ရှိသင့်တဲ့ အရည်အချင်းတွေ ကို စာအုပ်က တဆင့် သိမြင်သဘောပေါက်လာစေမှာ ဖြစ်ပြီး မိမိကိုယ်မိမိ ယုံကြည်မူရှိလာအောင်လည်း တွန်းအားပေးနိုင်မယ့် စာအုပ် ဖြစ်ပါတယ် ။ Jim Greenရေးသားပြုစုတဲ့ How to Start Your Own Business စာအုပ်ကို ဆရာမြတ်ငြိမ်းဘာသာပြန်ဆိုထားခြင်းပါ။
New normal age, online business age ဆိုတဲ့ယနေ့ခေတ်မှာ လခစား ဝန်ထမ်းဘဝက စွန့်ခွာလာသူများတဲ့ ဒီလိုကာလမျိုးမှာ ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းတစ်ခု စတင် ဖို့ အချိန်အခါကောင်းပါ။ တချို့က ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတည်ထောင်ဖို့ ကျပ်သိန်းပေါင်းများစွာ လက်ငင်းမတည်ရ လိမ့်မည်ဟု မှတ်ယူထားကြပါသည်။ အမှန်တော့ အရင်းအနှီးနည်းနည်းဖြင့် ရိုးသားဖြောင့်မတ်စွာ လုပ်ငန်းထူထောင်လို့လည်း ရပါသည်။ ဇွဲမာန်အပြည့် နည်းစနစ်ကောင်းကောင်းဖြင့် အားထုတ် လျင် အောင်မြင် ဖို့ မြေကြီးလက်ခတ်မလွဲဖြစ်ပါသည်။ အရင်းအနှီးနည်းနည်းဖြင့် တနိုင်တပိုင် စတင်ပျိုးထောင်းခြင်းက အောက်သက်ကြေမည်၊ ကြာရှည်ခိုင်မည်ဟု ယူဆပါသည် လို့ စာရေးသူက ဖတ်ညွှန်းပြုထားပါတယ်။
(၁) လုပ်ငန်းစဖို့ပြင်ဆင်ခြင်။း(၂) စိတ်ကူးကောင်းတစ်ခုဖော်ထုတ်ခြင်း။ (၃) အောင်နိုင်ရေး စီမံကိန်းတစ်ခုဖော်ထုတ်ခြင်း ၊(၄) သင့်လုပ်ငန်းအတွက် ငွေရှာခြင်း ၊(၅) ကြိုတင်ံစီမံထားခြင်း၊ (၆) ဈေးကွက်ဖော်ဆောင်ခြင်၊း (၇) ရောင်းကျင့်ရအောင် ပျိုးထောင်ယူခြင်း ၊(၈) အရည်အချင်းကောင်း များ ပျိုးထောင်ခြင်း ၊(၉) တိုးတက်မှုကို ထိန်းထားခြင်း၊ (၁၀) အောင်မြင်မှုပန်းတိုင်သို့ အရောက်လှမ်းခြင်း စတဲ့ အခန်းခွဲ ခေါင်းစဉ်ခွဲများစွာနဲ့ စနစ်တကျ သုံးသပ် တင်ပြထားတဲ့ စာအု