ကံကောင်း
မြသန်းတင့်
7500 က်ပ္
ကံကောင်း၏ ဘဝက လမ်းဘေး ဝါးရုံတောစပ် ကန်သင်းရိုးစောင်းရှိ ထန်းခေါက်ဖာဖုံးထဲမှ အစပြုခဲ့သည်။ အဖေမသိ အမေ မသိ။ သူ့ကိုကောက်ယူမွေးစားခဲ့သူက ဗိုလ်တဲစောင့်ကြီး ဦးရွှေဖီ။ အောက်တန်းကျလှသော သူ့ဘဝ�
�ို လူရာသွင်း‌ဆက်ဆံခဲ့သူ၊ အချစ်ဆိုတာဘာလဲသိအောင် သင်ပေးခဲ့သူက ကြေးစားအပျက်မကလေး ငကြူ။ အသည်းကွဲအောင်ပြုစားခဲ့သူကလည်း ငကြူပဲ။ သူတို့နှစ်ယောက် ဘဝအဆုံးသတ်က လှပခဲ့ခြင်းမရှိ။ ရင်နာကြေကွဲစရာသာဖြစ်ခဲ့သည်။ ကံကောင်းဘဝသည် နာမည်နှင့်မလိုက်အောင် ကံဆိုးခြင်းများနှင့်သာ အတိပြီးခဲ့လေသည်။ ကံကောင်းမှာ ကျွန်တော့်မူရင်းမဟုတ်ဂေါ်ကီ၏ ပထမဆုံးသောဝတ္ထုရှည် မိဘမဲ့ပေါကို မှီးထားခြင်းဖြစ်ကြောင်း၊ ၁၉၆၀ခုနှစ် ငွေတာရီမဂ္ဂဇင်းတွင် အခန်းဆက်ဝတ္ထုရှည်အဖြစ် ဖေါ်ပြခဲ့ပြီးကြောင်း၊ ဝေဖန်ရေးဘဝသရုပ်ဖေါ် ဝတ္ထုအမျိုးအစားဖြစ်ကြောင်း ဆရာမြသန်းတင့်က သူ၏ အမှာစာတွင်ဖေါ်ပြထားပြီး အကျဥ်း‌‌ထောင်ထဲ၌ရှိစဥ် ကံကောင်းနှင့်တူသောဇာတ်ကောင်တစ်ယောက်နှင့်ဆုံခဲ့ရကြောင်း၊ အခါအခွင့်သင့်လျှင် ကံကောင်းကို သည်ထက်ရှည်လျားသော ဝတ္ထုရှည်ကြီးအဖြစ်ဖန်တီးလိုသေးကြောင်း ယခုအချိန်၌ကား စက်လှေမာလိန်မှူး နစ်ကောလ်သည်ဆန်းမားဆက်မွမ်း ကိုနှောက်ယှက်လျက်ရှိသကဲ့သို့ ကံကောင်းသည်လည် ကျွန်တော့်ကို နှောင့်ယှက်လျက်ရှိပါသည် ဟု ဆရာက ရေးထားပါသေးသည်။
မြသန်းတင့် စာအုပ္မ်ား
chevron_right
Privacy Policy