ဘယ်..ဘယ်ကို...ဘယ်ကိုရယ်ခွဲ...ရင်ကိုခွဲလို့...
ဝင့်ပြုံးမြင့်
3000 က်ပ္
တစ်စုံတစ်ယောက်ရဲ့ နှလုံးသည်းပွတ်ကို ထုတ်ယူခြင်းခံရရင်ဘယ်လို ခံစားရမလဲ။ နှလုံးသားရဲ့ အနီးတဝိုက်က နာကျင်ရခြင်းဒဏ် ပိုခံစားရပေမပေါ့။ တိုင်းပြည်တစ်ခုရဲ့ နှလုံးသည်းပွတ်ကို ထုတ်ယူခြင်းခံ
ရတယ်ဆိုရင်ကော။ မြန်မာပြည်ရဲ့ နှလုံးသည်းပွတ်တစ်ခုဖြစ်တဲ့ ဝါးစိမ်းတောင်မှာ သတ္တုတူးဖော်ရေးလုပ်ငန်း အကျိုးဆက်ကြောင့် နာကျင်ခံစားခဲ့ရတဲ့ ဇာတ်လမ်းတစ်ပုဒ်။
ရွှေရှာသူရှာ၊ ထန်းတက်သူတက်နဲ့ အေးချမ်းလှတဲ့ယမားချောင်းဘေး ကြေးသိုက်ရွာလေးက မိဘမဲ့အေးသီတာတို့မောင်နှမအပေါ်မှ ကံကြမ္မာကကွက်ကြားမိုး ရွာသွန်းဖြိုးခဲ့လေလား။ ယမားချောင်းမှာ မိုးတွေသည်းသည်းမည်းမည်းရွာခဲ့သော ထိုတစ်နေ့။ ထိုတစ်နေ့ဟာ အေးသီတာတို့ မိသားစုဘဝလေး ရေစုန်မျောခဲ့ရသောနေ့ ဖြစ်ရတယ်။ ရွှေအရှာသွားတဲ့ အဖေ အိမ်ပြန်မလာတော့ဘူးလေ။
ပညာရေးမှာ ထူးချွန်လောက်တဲ့ ဉာဏ်အရည်အသွေးရှိသူ မောင်ငယ်လေး ပညာတတ် ဖြစ်စေဖို့ အေးသီတာဆိုတဲ့ အညံ့ပန်းလေး ရွေးစရာတစ်လမ်းပဲ ကျန်တော့တယ်။ ဂမ္ဘီရ ပစ္စည်းဆန်းတွေ အရောင်းအဝယ်လုပ်တဲ့ ဦးလေးဝမ်းကွဲ ရှိရာ ယင်းမာပင်မြို့ကို သူတို့မောင်နှမ ရောက်ခဲ့ရတယ်။ စဉ်းစားတွေးခေါ်ဉာဏ်မရှိ၊ နုပျိုစိုပြည်တဲ့ အလှတရားပဲရှိတဲ့ အေးသီတာဆိုတဲ့ အရိုင်းပန်းလေးရဲ့ ရင်နာစရာအဖြစ်ကပဲ ကြေကွဲစရာကောင်းလား သတ္တုတူးဖော်ရေးလုပ်ကွက်တွေကြောင့် ပျက်စီးခဲ့ရတဲ့ ရွာသူရွာသားတွေပဲသနားစရာ ကောင်းသလားဆိုတာ ...။