လူမှုဆက်ဆံရေးနှင့်ခေါင်းဆောင်မှုဥပဒေများဘဝနှင့်လူမှုရေး-၁
ဒေါက်တာအေးကျော်
8000 က်ပ္
လူမှုဆက်ဆံရေး သုံးဆင့်
- မိမိကိုယ်ကို ကောင်းအောင် ကြိုးစားခြင်း
လောကမှာ ကောင်းမွန်တဲ့လူမှုဆက်ဆံရေး ဖြစ်တည်လာဖို့အတွက် ပထမဆုံးအဆင့်အနေနဲ့ မိမိကိုယ်ကို ကောင်းအောင် ကြိုးစားရမှာပဲဖြစ်
ပါတယ်။ တစ်ချိုကလူတွေဟာ လူကောင်းသူကောင်းတွေနဲ့ မိတ်ဆွေတော့ဖြစ်ချင်ပါရဲ့။ ကိုယ်ကိုယ်တိုင် လူကောင်းဖြစ်ရမှာကို မေ့နေတတ်ကြပါတယ်။
- မကောင်းသူကိုရှောင်ကြဉ်ပြီး ကောင်းသူနှင့် ပူးပေါင်းခြင်း
ဗုဒ္ဓက အောင်မြင်ရေးဗျူဟာ (၃၈) ရပ်ကို ဖော်ထုတ်ခဲ့ရာမှ မကောင်းသူကိုရှောင်ဖို့အတွက် ပထမဆုံးဗျူဟာအနေနဲ့ ဟောကြားခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီအချက်ကို မလိုက်နာရင် ရှေ့ဆက်ပြီး ဘာကိုမှ မလုပ်နိုင်လို့ဖြစ်ပါတယ်။
- မေတ္တာနှင့် ပညာကို ပေါင်းစပ်ပြီး ဆက်ဆံခြင်း
ပထမ ၂ ဆင့်ကို တက်လှမ်းပြီးချိန်မှာတော့ ဖြစ်တည်လာတဲ့ ကိုယ့်ရဲ့ လူမှုဝန်းကျင်ကောင်းပေါ်မှာ မေတ္တာနဲ့ ပညာပေါင်းစပ်ပြီး ဆက်ဆံရမှာဖြစ်ပါတယ်။ တချို့က မေတ္တာထားဖို့ အားသန်ပြီးတော့ တချို့ကတော့ ပညာနဲ့ယှဉ်ဖို့ပဲ အားသန်တတ်ကြပြန်ပါတယ်။ ဒါကြောင့် အခြေအနေအချိန်အခါကိုကြည့်ပြီး မေတ္တာနဲ့ ပညာကို ချိန်ညှိတတ်ဖို့ လိုအပ်ပါတယ်။