တသိမ့်သိမ့်ဒွန်(ပေါင်းချုပ်)
တက္ကသိုလ်နန္ဒမိတ်၊မြတ်ငြိမ်း၊တင်မောင်မြင့်
38000 က်ပ္
ကမ္ဘာ့ဝတ္ထုသမိုင်းမှာ ရုရှားဝတ္ထုရေး ဆရာတွေဟာ ထိပ်တန်း တစ်နေရာမှာ ရှိတယ်လို့ ဆိုကြတယ်။ တသိမ့်သိမ့်ဒွန်စာအုပ် မူရင်းရေးသူက မီခေးရှိုလိုခေါ့ဗ် (Mikhail Sholokhov ) ဖြစ်ပါတယ်။ သူဟာ ရုရှားတောင်ပိုင်း�
�� ကျေးတောသား တစ်ယောက် ဖြစ်တယ်။ နောက်ပြီး ရုရှားပြည်မှာ စစ်တိုက်ကောင်းလို့ ထင်ရှားတဲ့ ကော့ဆက် စစ်သည်တော် အနွယ်ဝင်လည်း ဖြစ်ပါတယ်။ မီခေးရှိုလိုခေါ့ဗ် (၁၉၀၅ - ၁၉၈၄) ဟာ ပြည်တွင်းစစ်ကာလ အတွင်းကနေ ၁၉၂၂ အထိ တပ်နီတော်မှာ အမှုထမ်း ခဲ့တယ်။ ၁၉၂၃ မှာ ဝတ္ထု စတင် ရေးသားခဲ့ပါတယ် ။ တသိမ့်သိမ့်ဒွန် ဝတ္ထုကြီးကို ၁၉၂၆ မှာ စတင်ရေးသားခဲ့ပြီး ၁၉၄၀ မှာ ပုံနှိပ်ထုတ်ဝေခဲ့တယ်။ ကော့ဆက်လူမျိုးတွေ အခြေချ နေထိုင်ရာ ဗော်လဂါ ချိုင့်ဝှမ်း ဒေသမှာ ဒွန်မြစ်ကြီး စီးဆင်းနေပါတယ်။ ဒွန်မြစ်ကြီး ဟာ ရုရှားနိုင်ငံရဲ့ အသက်သွေးကြော မြစ်ကြီး တစ်စင်းလည်း ဖြစ်ပါတယ်။ ဒွန်မြစ်ကမ်း ဝဲယာ မှာ ကော့ဆက်အနွယ်တွေ အပြင် ယူကရိန်း အနွယ် အချို့ နဲ့ ပိုလန် အနွယ်တွေလည်း နေထိုင်ကြပါတယ်။ အဲဒီကာလ ရုရှားမှာ ယောက်ျားလေး တစ်ယောက် အသက်၁၈နှစ် ပြည့်ရင် စစ်မှုထမ်းရပါတယ်။ ကော့ဆက်တွေဟာ စစ်တိုက်တဲ့ဘက်မှာ တော်ကြတယ်။ ‌ဒွန်မြစ်ကမ်း တစ်ဖက်က တတာ့ရက်စ် ရွာအဖျားဘက် မှာ စိုက်ပျိုးရေး ၊ မွေးမြူရေး လုပ်နေတဲ့ ပရိုကိုဖေ မီလက်ကော့ဗ် ဆိုတဲ့ ကော့ဆက် တစ်ယောက် ရှိတယ် ။ တူရကီ_ရုရှား စစ်ပွဲမှာ တိုက်ပွဲဝင်ခဲ့တဲ့ ပရိုကိုဖေ ဟာ တူရကီ အမျိုးသမီး တစ်ယောက်ကို စစ်ပွဲပြန် လက်ဆောင်အဖြစ် ယူဆောင်လာခဲ့တယ်။ သူတို့ နှစ်ဦးကနေ ပေါက်ဖွားလာတဲ့ ကော့ဆက် မျိုးဆက်တွေ ကို တူရကီတွေလို့ အခေါ်ခံရတယ်။ တသိမ့်သိမ့်ဒွန် ရဲ့ အဓိက ဇာတ်ကောင် မျိုးဆက်တွေပေါ့။ ရုရှား နဲ့ ဂျာမဏီ စစ်မဖြစ်မီကာလက ဒွန်မြစ်ကြီး ဝဲ၊ယာ နှစ်ဖက်က ကော့ဆက်တို့ရဲ့ စိုက်ပျိုးရေး မွေးမြူရေး လုပ်ငန်းတွေ အကြောင်း၊ ကော့ဆက်ရိုးရာ ဓလေ့ထုံးစံတွေ အကြောင်း ၊ ကော့ဆက် လုလင်ပျို လုံမပျို တို့ရဲ့ ချစ်မှုရေးရာ အကြောင်းတွေ ရေးဖွဲ့ထားတယ်။ ပရိုကိုဖေ မီလက်ကော့ဗ် ရဲ့ တတိယမျိုးဆက် ဂရီဂို မီလက်ကော့ဗ် ရဲ့ အချစ်ဇာတ်လမ်း တွေက စိတ်လှုပ်ရှားစရာ ကောင်းပါတယ်။ နောက်ပိုင်း ဂျာမဏီ နဲ့ စစ်ဖြစ်တော့မှာမို့ စစ်မှုထမ်းဖို့ ကော့ဆက်တွေ ဆင့်ခေါ်ခံကြရတယ်။ ဂရီဂို လည်း အဲဒီ စစ်ပွဲမှာ ဝင်တိုက်ခဲ့ရတယ်။ ရုရှားနဲ့ ဂျာမဏီ တွေ စစ်ဖြစ်တဲ့ ၁၉၁၄ ခုနှစ်က စစ်ပွဲ အကြောင်းတွေ၊ စစ်တိုက်တယ် ဆိုတော့လည်း စစ်ပွဲရဲ့ အကျိုးဆက်ဖြစ်တဲ့ စစ်ရဲ့အနိဋ္ဌာရုံ တွေကိုပါ စာရေးဆရာက ရေးပြသွားတယ်။ ဇာဘုရင်ကို ပြန်ပြီး တော်လှန်ကြတဲ့ တော်လှန်ရေးကာလတွေ ဇာဘုရင် ပြုတ်ကျသွားပြီး ကွန်မြူနစ် ဗော်ရှီဗစ်တွေ ကြီးစိုးတဲ့ကာလ စတဲ့ နိုင်ငံရေး အပြောင်းအလဲတွေ ပါတယ်။ ဒွန်မြစ်ကြီး ရဲ့ ဝဲယာ တစ်လျှောက်မှာ အခြေချ နေထိုင်ကြသူ ကော့ဆက်အမျိုးသားတို့ရဲ့ တိုက်ပွဲတွေကို ကွက်ကွက်ကွင်းကွင်း ပုံဖေါ်ရေးသားထားတဲ့ စာအုပ်ဖြစ်ပါတယ်။ တသိမ့်သိမ့်ဒွန် စာအုပ်နဲ့ မီခေးရှိုလိုခေါ့ဗ် ဟာ ၁၉၆၅ ခုနှစ်အတွက် စာပေနိုဗယ်ဆု ကို ရရှိခဲ့ပါတယ်။ ဘာသာစကားပေါင်း ၄၀ ကျော် နဲ့ နိုင်ငံတကာမှာလည်း ဘာသာပြန်ဆိုခဲ့ကြပါတယ်။
Privacy Policy