အရူးထောင်မှာဆယ်ရက်တာ
ဟိန်းလတ်
2000 က်ပ္
ကျွန်တော်တို့ လူသားတွေဟာ ဘဝရဲ့ စိန်ခေါ်မှုကို အမြဲ လက်ခံကြရတယ်။ တချို့ စိန်ခေါ်မှုက သိပ်မကြမ်းတမ်းဘူး။ တချို့ စိန်ခေါ်မှုကတော့ ကြမ်းတမ်းလွန်း အားကြီးတယ်။ စိန်ခေါ်မှုတွေကို ရင်မဆိုင်န�
�ုင်ဘဲ ကျရှူံး သွားသူတွေ ရှိသလို ဖြတ်ကျော် အောင်မြင်ခဲ့တဲ့ ပုဂ္ဂိုလ်တွေလည်း အထင်အရှား ရှိခဲ့တယ်။ ဘယ်သူလဲဆိုတော့ အမေရိကန် စာရေးဆရာမ နယ်လီဘလိုင်း (၁၈၆၄ - ၁၉၂၂) ပါ။ သူမဟာ ဘယ်လို စိန်ခေါ်မှုကို လက်ခံခဲ့သလဲ။ အရူးထောင်မှာ ဆယ်ရက်တာ ကြာအောင် အရူးတွေနဲ့ အတူ ရောပြီး နေထိုင်ဖို့ပဲ။ ပြီးရင် သူမ အတွေ့အကြုံတွေကို စာပြန်ရေးပြရမယ်တဲ့။ " ကမ္ဘာသတင်းစာ " တိုက်က တောင်းဆိုခဲ့တာပါ။ သူတို့ ပစ်မှတ်ထားတဲ့ အရူးထောင်က နယူးယောက်မြို့မှာရှိတဲ့ ဘလက်ဝဲလ်ကျွန်းက အရူးထောင်။ နယ်လီဘလိုင်း အတွက် ပထမဆုံးသော အခက်အခဲက သူ့ကို ရူးနေတယ်လို့ ထင်အောင် နေပြပြီး အဲဒီ ဘလက်ဝဲလ်ကျွန်း အရူးထောင်ကို ပို့ဖို့ အရူးဟန်ဆောင်ရတာပဲ။ စကတည်းက ယဉ်သကို ဆိုသလိုပဲ လူကောင်းစင်စစ် ကနေ အရူးဖြစ်အောင် သူမ လုပ်ပြရတာ နဲ့တင် စိတ်ဝင်စားဖို့ ကောင်းနေတယ်။ ဒီဘက်ခေတ်မှာ စိတ္တဇဝေဒနာရှင်၊ စိတ်ကျန်းမာရေးချို့တဲ့သူ စသည်ဖြင့် ခေါ်ကြပေမဲ့ အရူး လို့ပဲ သာမန်လူတွေက ခေါ်ကြတုန်းပါပဲ။ ရပ်ကွက်ထဲမှာ တစ်ဦးချင်း တွေ့ရတဲ အရူးတွေကို လူတွေ မကြောက်ကြပေမဲ့ အရူးထောင်ထဲမှာ အရူးတွေနဲ့ အတူသွားပြီး ခဏတာ နေရမှာကိုတော့ တော်ရုံ ပုံမှန်စိတ် ရှိတဲ့သူတွေ လုပ်ရဲကြမှာ မဟုတ်ဘူး။ တော်ရုံ သတ္တိ ရှိရုံနဲ့လည်း မဖြစ်နိုင်ဘူး ။ တော်တော်ကြီးကို စိတ်ဓာတ် ကြံ့ခိုင်တဲ့သူမှ ဖြစ်မှာကိုး။ စာရေးဆရာမ နယ်လီဘလိုင်း ဟာ အရူးထောင်ထဲမှာ ဆိုးဆိုးဝါးဝါး ရူးနေသူတွေ၊ ယဉ်ယဉ်လေး ရူးနေသူတွေကို လေ့လာခွင့် ရခဲ့တယ်။ လူချင်း အတူတူ ဘယ်အရာတွေက သူတို့ကို ရူးသွပ်စေရသလဲ ဆိုတဲ့ အချက်ကို သူမ လေ့လာခဲ့တယ်။ တကယ် ရူးသွပ်နေသူတွေရဲ့ ကြားမှာ နေရတဲ့ အပြင် အရူးထောင်က ဆရာဝန်၊ သူနာပြု နဲ့ ထောင်ဝန်ထမ်းတွေက စိတ်ဝေဒနာရှင်တွေကို ဘယ်လို ဆိုးဆိုးဝါးဝါး ဆက်ဆံသလဲ ဆိုတာ စောင့်ကြည့် လေ့လာခဲ့တယ်။ အရူးထောင် အဆောက်အအုံ ရဲ့ အားနည်းချက်တွေပါ သိလာရပြီး အပြင် ပြန်အရောက်မှာ " အရူးထောင်မှာ ဆယ်ရက်တာ " ဆိုတဲ့ စာအုပ်ကို ရေးသား ပြုစု ခဲ့ပါတယ်။ တကယ်ဆိုရင် အရူးထောင်မှာ နေကြရတဲ့ လူနာတွေ အတွက် နေ့တွေဟာ ပိုရှည်သလို ညတာလည်း.ရှည်လျား လှပါတယ်။ ဒီစာအုပ်ရဲ့ အကျိုးဆက်ကြောင့် အလှူရှင်တွေ ၊ အာဏာပိုင်တွေက အရူးထောင်တွေ အတွက် လိုအပ်ချက်တွေကို မမေ့မလျော့ ဖြည့်ဆည်းပေးဖို့ လုပ်ဆောင်လာကြပါတယ် ။ နယ်လီဘလိုင်း စွန့်စားရကျိုး နပ်ခဲ့တယ် ဆိုရမှာပေါ့။ နယ်လီဘလိုင်း ခက်ခက်ခဲခဲ ဖြတ်ကျော်ခဲ့ရတဲ့ အရူးတွေ ကြားက ဆယ်ရက်တာ နေထိုင်ခြင်း အကြောင်းကို ရင်တမမ နဲ့ ဖတ်ရမှာပဲဖြစ်ပါတယ် ခင်ဗျာ။
ဟိန်းလတ် စာအုပ္မ်ား
chevron_right
Privacy Policy