ME Not
ဝင့်ပြုံးမြင့်
3000 က်ပ္
မူးယစ်ဆေးဝါးရဲ့ ဆိုးကျိုးတွေကို ခေတ်အဆက်ဆက်က မီဒီယာတွေမှာ ဖေါ်ပြခဲ့ကြပြီးပြီ။ သတင်းစာ၊ ဂျာနယ်တွေနဲ့ တယ်လီဗွီးရှင်းတွေမှာရော ‘ ရှောင်လေဝေးဝေး မူးယစ်ဆေး ’ ဆိုတဲ့ ကြေညာချက်တွေ လူတိုင်း အ�
��ွတ်ရနေကြပြီ။ တကယ်ပင် မူးယစ်ဆေးကင်စင်တဲ့နိုင်ငံ ဖြစ်နေပြီလား…။ ဝေးစွခြောက်ပါးလို့ ပြောရမှာပဲ။ ဟိုတစ်ခေတ်က အနုပညာရှင်တွေနဲ့ ပိုက်ဆံရှိသားသမီးတွေပဲ သုံးစွဲနိုင်တဲ့ မူးယစ်ဆေးဝါးတွေဟာ အခုအချိန်မှာ ကျွန်တော်တို့ရဲ့ လက်တစ်ကမ်းအနီး ပတ်ဝန်းကျင်ကိုရောက်ရှိလို့နေပါပြီ။ ဒါဟာရှောင်လွှဲလို့မရတဲ့ အမှန်တရားပါ။ ပေါပေါပဲပဲ ဝယ်လို့လည်းရနေတဲ့ အဲဒီမူးယစ်ဆေးဝါးက WY ပါတဲ့။ လူ့လောကကိုကောင်းစေချင်တဲ့ စေတနာအပြည့်ရှိတဲ့ စာရေးဆရာတွေဟာ ကလောင်လက်နက်ကို အသုံးချပြီး စာဖတ်တဲ့ပြည်သူလူထုကို မူးယစ်ဆေးဝါးအန္တရယ်အကြောင်း အသိပေးကြပါတယ်။ ဒီဝတ္ထုဇာတ်ကြောင်းဟာလည်း မူးယစ်ဆေးဝါးအမျိုးအစား တစ်ခုဖြစ်တဲ့ WY အကြောင်း ကျယ်ကျယ်ပြန့်ပြန့် ရှင်းပြထားပြီး မိသားစုတစ်စုရဲ့ ချစ်ခြင်းမေတ္တာနဲ့ သရုပ်ဖေါ်ဖွဲ့နွဲ့ထားပါတယ်။ ပခုက္ကူမြို့က တရားသူကြီးမိသားစုမှာ ကိုကိုစော၊ ညီညီစောနဲ့ မောင်မောင်စောဆိုတဲ့ ညီအစ်ကိုသုံးယောက် ရှိတယ်။ တင်းနစ်ရိုက်တာဝါသနာပါတဲ့ အစ်ကိုကြီးကိုကိုစော၊ စာကြိုးစားတဲ့ အလတ်ကောင်ညီညီစော၊ ဆယ်တန်းကျထားပြီး အသစ်အဆန်းဆိုမြည်းစမ်းချင်တဲ့ အငယ်ဆုံးလေးမောင်မောင်စော။ သူတို့ဘဝထဲကို အမှတ်မထင် ဝင်ရောက်လာတာက မိကဲ။ မိကဲက ရန်ကုန်သူ၊ ကိုးတန်းကျောင်းသူဆိုပေမဲ့ ခပ်ချောချော၊ လုံးကြီးပေါက်လှ သူငယ်မ။ အမေသေဆုံးသွားပြီး စိတ်ကယောက်ကယက်ဖြစ်နေလို့ ရွာသာကြီးကို ရောက်ခဲ့တယ်။ ရွာသာကြီးမှပခုက္ကူရှိ တရားသူကြီးအိမ်ကို ရောက်လာသူ။ မိကဲ ရောက်လာခြင်းဟာ တရားသူကြီး မိသားစုအဖို့ မုန်တိုင်းဝင်လာသလိုပဲ။ ယာဘ ခေါ် WY ကို လူငယ်လေးတွေ လက်တည့်စမ်းချင်အောင် အားကစားကွင်းတွေမှာ လိုက်စည်းရုံးနေတဲ့ ရော်နယ်။ ပိုက်ဆံပိုသုံးနိုင်တဲ့ ချာတိတ်တွေကိုကျတော့ ICE သုံးချင်လာအောင် ဆွယ်တရားဟောတတ်တဲ့ ရော်နယ်။ ပခုက္ကူသင်္ချိုင်းကုန်းက တစ်ဦးတည်းသော စဏ္ဍာလအမျိုးသမီး မေကြည်။ စတဲ့ဇာတ်ကောင်တွေနဲ့ WY ဇာတ်လမ်းတွေကို ရက်ယှယ်ထားတဲ့ Me Not စာအုပ်ဟာ ဆရာမဝင့်ပြုံးမြင့်ရဲ့ ဒုတိယမြောက် ပင်ကိုရေးလုံးချင်းဝတ္ထုသစ်တစ်ပုဒ် ဖြစ်ပါတယ်။ ဘာသာပြန်တွေအရေးများတဲ့ ဆရာမ ဝင့်ပြုံးမြင့်ရဲ့ ပင်ကိုရေးဝတ္ထုကောင်းတစ်အုပ် ဖြစ်ပါတယ်။
ဝင့်ပြုံးမြင့် စာအုပ္မ်ား
chevron_right
Privacy Policy