ဒေါ်အောင်ဆန်းစုကြည်တိုက်တဲ့စစ်
သီဟသွေး
4500 က်ပ္
ယခု စာအုပ်ဟာ ၂၀၁၅ ခုနှစ် အလွန် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ရွေးကောက်ခံ အရပ်သားအစိုးရ တက်လာပြီး နောက်ပိုင်း အခက်အခဲဖြစ်နေရသော အုပ်ချုပ်ရေး ပြဿနာတွေ၊ နာတာရှည် ပြည်တွင်းစစ်ကြီးနဲ့ ဝင်္
ကပါထဲ မျက်စိလည်နေဆဲ ၂၁ရာစု ပင်လုံညီလာခံကိစ္စတွေ၊ ၂၀၀၈ ဖွဲ့စည်းပုံ ခြေ/ဥပြင်ဆင်ရေးနဲ့ မျက်မှောက် မြန်မာ့ နိုင်ငံရေး အခင်းအကျင်းတွေ အပေါ် ထိရောက်စွာ ဝေဖန် သုံးသပ်ရေးသား ထားတဲ့ စာအုပ်ကောင်း တစ်အုပ်ပဲ ဖြစ်ပါတယ်။ စာရေးသူမှာ သီဟသွေး ဖြစ်ပြီး သတင်းဂျာနယ်တွေ ရေးသားဖော်ပြခဲ့စဉ် ကပင် စာဖတ်သူများထံမှ အသိအမှတ်ပြုခံထားရသော ဝေဖန်ချက် ဆောင်းပါးတွေပဲ ဖြစ်ပါတယ်။ "ဒေါ်အောင်ဆန်းစုကြည် တိုက်တဲ့စစ်" လို့ ခေါင်းစဉ်ပေးထားပုံကလည်း စိတ်ဝင်စားစရာပါ။ စာရေးသူ သီဟသွေးဟာ ကျောင်းသားနိုင်ငံရေး လှုပ်ရှားမှု နောက်ခံက လာတဲ့ သတင်းသမားတစ်ဦး ဖြစ်ပြီး လက်ရှိမှာလည်း NHK ဂျပန်သတင်းဌာနမှာ သတင်းထောက် တာဝန်ထမ်းဆောင်နေဆဲ ဖြစ်ပါတယ်။ သီဟသွေးက သူ့စာအုပ်ထဲမှာ စုံလင်လှတဲ့ သတင်းအချက်အလက်များ၊ ကမ္ဘာ့ရေးရာ အခြေအနေတွေ နဲ့ လတ်တလော စစ်ရေး နိုင်ငံရေး အခင်းအကျင်းများကို မွှေနှောက် ဆက်စပ်ရေးသားထားတာမို့ နိုင်ငံရေးစိတ်ဝင်စားတဲ့ စာဖတ်ပရိသတ်များ အကြိုက်တွေ့မှာ သေချာပါတယ်။ ဒီစာအုပ်မှာ "နိုင်ငံရေး"၊ "အုပ်ချုပ်ရေး" နဲ့ "ငြိမ်းချမ်းရေး" ဆိုတဲ့ ကဏ္ဍသုံးခု ပါဝင်ပါတယ်။ သက်ဆိုင်ရာ ခေါင်းစဉ်များ အလိုက် မတူညီတဲ့ အကြောင်းအရာတွေကို ဆက်စပ်နှိုင်းယှဉ် သုံးသပ် ပြထားတဲ့အတွက် စာဖတ်သူများ အနေနဲ့ မြန်မာ့နိုင်ငံရေး ဖြစ်စဉ်များ အပေါ် တစ်စုံတရာ တွေးစရာ၊ စဉ်းစား အဖြေ ရှာစရာတွေ ရရှိမယ်လို့ ယုံကြည်မိပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုဂ္ဂိုလ်ရေး ဆောင်ရွက်ချက်များမှ စလို့ NLD အစိုးရရဲ့ နိုင်ငံရေးဆောင်ရွက်ချက်များ၊ သဘောထားတင်းမာသော စစ်တပ်ရဲ့ နိုင်ငံရေး ဓလေ့၊ အုပ်ချုပ်ရေး မကျွမ်းကျင်သေးတဲ့ အရပ်သားအစိုးရ အပေါ် သဘောထားများ၊ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ဆိုင်ရာအမြင်များ . . .စတာတွေကို ဘက်စုံ ထောင့်စုံမှ ရေးသားတင်ပြ ထားပါတယ်။ စာအုပ်ထဲမှာ ထူးထူးခြားခြား ဖတ်ရှုရမဲ့ ခေါင်းစဉ် တချို့ကိုအောက်ပါအတိုင်း တွေ့ရှိရပါမယ်... - ဦးကိုနီလုပ်ကြံခံရခြင်း (သို့) မြန်မာ့နိုင်ငံရေး စနစ်တကျ လုပ်ကြံခံရခြင်း၊ - အာဏာမြင်းရိုင်းပေါ်က ဒေါ်အောင်ဆန်းစုကြည်၊ - ဦးရွှေမန်းကို ဒေါ်အောင်ဆန်းစုကြည် ဘာကြောင့်ယုံသလဲ၊ - ဒေါ်အောင်ဆန်းစုကြည် ထမ်းရမဲ့ ကာချုပ်ရဲ့ ICC ဒုက္ခ၊ - အကုန်လုံးမှားခဲ့တဲ့ ရခိုင်အရေး (သို့) ဒေါ်အောင်ဆန်းစုကြည် ဟင်းခွက်မှာ လက်ချင်းဆုံမိသူများ၊ - ဒေါ်အောင်ဆန်းစုကြည် တိုက်တဲ့စစ်၊ - အဖေ့အကြွေး ဆပ်မဲ့သမီး၊ - မြန်မာ့သေနတ် နိုင်ငံရေးနှင့် ဒေါ်အောင်ဆန်းစုကြည်လုံခြုံရေး၊ - ကန့်သတ်စစ်က တွန်းပို့လိုက်တဲ့ ကန့်သတ်ငြိမ်းချမ်းရေး၊ - ၂၁ရာစုပင်လုံ ကောက်ကြောင်း - တနင်္လာရီ အစိုးရကို ဘယ်လိုဆုံးမ မလဲ ဆိုတာ တစ်နိုင်ငံလုံးက စောင့်ကြည့်နေတယ် ... စသည် စသည်ဖြင့်စိတ်ဝင်စားစရာ ဖတ်ရှုရမဲ့ စာအုပ်ဖြစ်ပါကြောင်း....။
သီဟသွေး စာအုပ္မ်ား
chevron_right
Privacy Policy