ကမ္ဘာ့ချောက်ချားစရာအကောင်းဆုံးနေရာများ
ရဲနောင်
4000 က်ပ္
(၂၀၁၉)၊ အောက်တိုဘာလမှာ အိပ်မက်အသစ် စာပေတိုက် (၁၄) နှစ်ပြည့်အဖြစ် အမှတ်တရ ထုတ်ဝေလိုက်တဲ့ ဒီစာအုပ်ကတော့ ဆရာရဲနောင် (မြန်မာပြန်) တဲ့ ‘ကမ္ဘာ့ချောက်ချားစရာ အကောင်းဆုံးနေရာများ’ ဆိုတဲ့ စာအုပ်လေ�
��နဲ့ စာချစ်သူတို့ကို မိတ်ဆက်ပေးချင်ပါတယ်။ မိတ်မဆက်ခင်မှာ ဒီစာအုပ်က စာချစ်သူတို့အတွက် အတော်လေး စိတ်ဝင်စားစရာကောင်းပြီး အကြိုက်တွေ့ကြမယ့် စာအုပ်တစ်အုပ်လို့ ဦးဆုံး ပြောချင်ပါရဲ့။ ဘာကြောင့်လဲ ဆိုတော့ ဒီစာအုပ်မှာ ပါဝင်တဲ့ အကြောင်းအရာတွေက ဗဟုသုတရော၊ အသိပညာရော၊ ထိတ်လန့်စရာ ရသရော၊ စိတ်ဝင်စားစရာတွေပါ ပြည့်နှက်နေလို့ပါပဲ။ မွန်တီခရစ္စတို လယ်တောအိမ်တို့၊ မာစီဘရောင်း ရုဒ်ကျွန်းက သွေးစုပ်ဖုတ်ကောင်တို့၊ သရုန်းဝုဒ်ရဲတိုက်တို့၊ သတ်သေတောအုပ်တို့၊ ပင်လယ်ဓားပြအိမ်ကြီးတို့လို ကမ္ဘာအနှံ့အပြားက ထိတ်လန့်ချောက်ချားစရာတွေ အတိပြီးတဲ့ နေရာဒေသတွေကသည်းထိတ်ရင်ဖို ဖြစ်ရပ်တွေနဲ့ ပြည့်နေပါတယ်။
နမူနာ ကြည့် … ‘၁၉၃၃ ခုနှစ်မှာ အသက် ၁၄ နှစ်အရွယ် ကောင်လေးနဲ့ သူ့အဖေတို့ဟာ ဒိန်းအိမ်ကြီးမှာ အခန်းငှား နေထိုင်ခဲ့ကြတယ်။ ကောင်လေးက အတက်ဝေဒနာရှင် ဖြစ်လို့ မကြာခဏ တက်တတ်တာကြောင့် တခြားကလေးတွေရဲ့ လှောင်ပြောင်မှုကို ခံရရှာတယ်။ ဒါကြောင့် စိတ်ထိခိုက် နာကျင်နေတဲ့ ကောင်လေးက အိမ်မျက်နှာကြက်ထဲမှာ သူ့ကိုယ်သူ သတ်သေခဲ့တယ်။ နောက်ထပ် ၁၀ နှစ်အကြာ ၁၉၄၃ ခုနှစ်မှာ အိမ်ကြီးကို စီ.အဲလ် ဂျက်ခေးထံကနေ အဲလက်ဇ်ဘရိုသာတန်က ဝယ်ယူခဲ့တယ်။ ပိုင်ရှင်အသစ်ကလည်း ဘော်ဒါဆောင် အနေနဲ့ပဲ ဆက်ဖွင့်ခဲ့တယ်။ အဲလ်က်ဇ်က ဧည့်ခန်းထဲမှာ ဆေးတံကြီးတဖွာဖွာနဲ့ ထိုင်နေတတ်တယ်လို့ ဆိုပါတယ်’ (ဒိန်းအိမ်ကြီး … ဆောင်းပါးမှ)
ကဲ … ဒီလို ရင်တုန်စရာ၊ အံ့သြစရာ၊ ချောက်ချားစရာ၊ စိတ်ဝင်စားစရာတွေနဲ့ ရောပြွန်းနေတဲ့ ကမ္ဘာ့ချောက်ချားစရာအကောင်းဆုံး နေရာများအကြောင်းကို ဖတ်ရှုရင်း အားလပ်ချိန်တွေကို ဖြတ်သန်းကြပါစို့ စာချစ်သူတို့ရေ။