ဝင်းတင့်ထွန်းကဗျာပေါင်းချုပ်
ဝင်းတင့်ထွန်း
8000 က်ပ္
ကဗျာဆရာ၊ စာရေးဆရာ ဝင်းတင့်ထွန်းရဲ့ ကဗျာပေါင်းချုပ် စာအုပ်ကို ရန်ကုန်လမ်းမများစာပေကနေ (၂၀၁၉) အောက်တိုဘာလမှာ ထုတ်ဝေပြီး ကဗျာကို ချစ်မက်မြတ်နိုးကြတဲ့ ကဗျာချစ်သူ၊ စာချစ်သူတို့လက်ထဲ ပေးပို�
��လိုက်ပါပြီ။
‘ကျွန်တော့်ရဲ့ ဘဝတာတစ်လျှောက်လုံးမှာ ကျွန်တော်နဲ့အတူ အစဉ်မပြတ် လိုက်ပါနေတဲ့အရာ၊ ကျွန်တော်နဲ့ မကင်းမပြတ်ဆုံးလို့ ပြောရမယ့် အရာဟာ ကျွန်တော်ချစ်တဲ့ ကဗျာ … ကဗျာပါပဲ’ ဆိုတဲ့ ဆရာဝင်းတင့်ထွန်း။ ဘဝအခြေအနေ အနိမ့်အမြင့် အတက်အကျ များစွာ၊ လောကဓံ၊ လောက … ဒဏ်တွေ၊ များစွာအကြားက ကဗျာဆရာရဲ့ ဝေဒနာဖွင့်ဟချက်။
‘အပြင်မှာ၊ ထောင်ထဲမှာ၊ အရေးတော်ပုံကြီးအတွင်းမှာ၊ ဝရမ်းပြေးဘဝမှာ၊ အဝေးရောက် (ပြည်ပရောက်) ဘဝမှာ၊ ဘယ်နေရာရောက်ရောက် အကြောင်းအားလျော်စွာ ရံဖန်ရံခါ ကျွန်တော် ကဗျာတိုရှည်မျိုးစုံ ရေးသားဖွဲ့သီခဲ့ဖူးပါတယ်။ အဲဒီကဗျာတွေ အားလုံးကို စုံစုံစေ့စေ့ ပြန်လည် စုစည်းထားနိုင်ဖို့ တတ်နိုင်သမျှ ကျွန်တော် ကြိုးစားကြည့်တဲ့အခါ၊ တချို့ကဗျာတွေကို ပြန်လည် တွေ့ရှိရပေမဲ့၊ တချို့သော ကဗျာတွေကတော့ ခုချိန်အထိ ပျောက်ဆုံးနေဆဲ၊ ရှာလို့ မရသေးဆဲတွေလည်း ရှိပါတယ်။ ဒါပေမဲ့ …’
‘အတော်ကိုဖြန့်၊ လည်ကိုဆန့်လို့၊ မိုးနှံ့မြေပြင်၊ ရေပြင် ဝေဟင်၊ တောခွင်တောင်တန်း၊ ပျံသန်းလိုက်ချင်၊ ဝဲလိုက်ချင်တယ်၊ တေးသီချင်လွန်းလို့ပါ’ ဆိုတဲ့ (တေးသီချင်လို့ပါ) ကဗျာထဲကလို လေးလုံးစပ် ကာရန်တွေကို အင်အားပြုရေးဟန်တွေအပြင် …
‘အဲဒီညက … သတိုးမဟာဗန္ဓုလ၊ မျက်ရည်မကျစဖူး ကျရှာတယ်။ အဲဒီညမှ … သုပဏ္ဏက ဆရာစံ၊ တက်သံပြင်းပြင်း ခေါက်ရှာတယ်’ ဆိုတဲ့ ရစ်သမ်အပြည့် ကဗျာတွေ …
ဒီစာအုပ်ကတော့ ကဗျာသမားအကြိုက်၊ အားပါးတရ ခံစားကြရမယ့် ကဗျာပေါင်းချုပ် စာအုပ်တစ်အုပ်ပါပဲ။