အဘ
မိုးကျော်စိုး(မကွေး)
2500 က်ပ္
ဝတ္ထုတို၊ ကဗျာတွေ အရေးကောင်းတဲ့ ဆရာမိုးကျော်စိုး (မကွေး)ရဲ့ ပထမဆုံး လုံးချင်းဝတ္ထုရှည် လက်ရာ စာအုပ်သစ်ဖြစ်ပါတယ်။ ‘အဘ’ တဲ့။ အဘ လုံးချင်းဝတ္ထုလေးက လူကြီး၊ လူငယ်၊ လူလတ်မရွေး ကြိုက်ကြမယ့် ဇာ
တ်လမ်းမျိုးလေးပါ။ ပျော်စရာတွေ၊ ရယ်စရာတွေ ပါဝင်သလို၊ မောစရာတွေကလည်း ရင်ကို ထိရှစေပြန်ရော။ လူငယ်ဘဝရဲ့ ပေါ့ပါးဖြူစင်တဲ့ အဖြစ်အပျက်လေးတွေက ချစ်စရာ။ တချို့ လူငယ်တွေ စတတ်နောက်တတ်၊ ဆိုးတတ် မွှေတတ်ပေမဲ့ သူတို့ရဲ့ နှလုံးသားက ဖြူစင်တယ်ဆိုတာကို ဖော်ပြသွားတဲ့ ဇာတ်လမ်းကောင်းလေးပါ။ အထက်တန်း ကျောင်းသားဘဝ၊ လူပျိုပေါက်၊ အပျိုပေါက်အရွယ်၊ နုသစ်လတ်ဆတ်တဲ့ ရင်ခုန်သံတွေနဲ့အတူ ကျောင်းသားဘဝ အတိတ်ကာလတွေက လွမ်းဆွတ်စရာ။ အထက်တန်းကျောင်းသားဘဝကနေ တက္ကသိုလ်တက်တဲ့အထိ ပေါင်းခဲ့ကြတဲ့ ညိုကြီး၊ တင်ရ မိုးကျော်နဲ့ မင်းလွင်တို့ ဆိုးတူကောင်းဖက် သူငယ်ချင်းတစ်စု။ သူတို့ရဲ့ ရင်ခုန်သံတွေ၊ လူငယ်ဘဝ ကာလတွေကို ပြန်လည်တူးဖော်ဖို့ ဆရာမိုးကျော်စိုးရဲ့ အဘ လုံးချင်းဝတ္ထုလေးက စာချစ်သူတို့ကို ကူညီပေးပါလိမ့်မယ်။
မိုးကျော်စိုး(မကွေး) စာအုပ္မ်ား
chevron_right
Privacy Policy