ဝသုန္ဓရေ ရယ်လေမည်လား
မင်းအဂ္ဂ(ဆင်တဲဝ)
3000 က်ပ္
မီးရထား ဝန်ထမ်း စာရေးဆရာ ဆရာမင်းအဂ္ဂ (ဆင်တဲဝ) ရဲ့ စာရေးသက် (၂) နှစ်အတွင်း၊ ပထမဆုံး ထုတ်ဝေလိုက်တဲ့ တစ်ကိုယ်တော် မဂ္ဂဇင်းဝတ္ထုတို စုစည်းမှု စာအုပ်လေးပါ။ ရထားဝန်ထမ်း ဘဝ၊ လူမှုဝန်းကျင်၊ မိဘမေတ
္တာ၊ သဘာဝ ပတ်ဝန်းကျင် စတဲ့ အကြောင်းအရာ အဖုံဖုံကို ရသစုံလင်စွာ ဖန်တီးထားတဲ့ ဝတ္ထုတိုတွေ ဖြစ်ပါတယ်။ စာရေးသူ ကိုယ်တိုင်က မီးရထား ဝန်ထမ်းမို့ ဝန်ထမ်းဘဝရဲ့ ခါးသီးမှုတွေကို သရုပ်ဖော်ထားတဲ့ ဝတ္ထုတိုကောင်းတွေလည်း ပါဝင်ပါတယ်။ ဒီစာအုပ်ရဲ့ အမှာစာကို ဆရာရဲသျှမ်းက ရေးသားပေးထားပြီး စာအုပ်မှာတော့ မဂ္ဂဇင်း စာမျက်နှာတွေမှာ ဖော်ပြပြီးသား ဝတ္ထုတို (၁၈) ပုဒ် ပါဝင်ပါတယ်။ ဧကရာဇ်ရနံ့ သင်းပျံ့လှိုင်စေ၊ ပုပ္ပားမောင် တိမ်ညိုတန်း ခါးပန်းချိန်တန်ခဲ့ပြီ၊ အသိုက်ပျောက်ငှက်၊ ချည်သည့်ကြိုး၊ အရူးတွေက ကောင်းသည် … သို့သော်၊ ရှင်ခန်းဘယ်သို့ ဖြတ်ရပါ့၊ ပြောကြည့်လိုက်မယ် … ပေါ့သွားမလားလို့၊ သုံးရကောက် နှစ်သုည နှစ်သုည၊ ရင်ခတ်လှိုင်း၊ ဝသုန္ဓရေ ရယ်လေမည်လား၊ ကန်တော့ခြင်းဖြင့် ကန်တော့ခြင်း၊ အရယ်မျက်လုံး အပြုံးမျက်ဝန်း၊ မိုးခါးရေကို ချိုစေလို၊ မျက်ဝန်းထဲမှာ ဖြိုသည့် သက္ကရာဇ်၊ ရွှေနားတော်သွင်း တီးချင်းတစ်ပုဒ်၊ အလံမဲ့ ရထား (သို့မဟုတ်) တစ်ပေါက်ရေကြည် သီတာမည်လား၊ အဆုံးအစမဲ့ ရပ်ဝန်း၊ ဒဏ်ရာကို လျှာနဲ့လျက် ရှေ့ခရီးဆက်ကြမယ် … စတဲ့ ဘဝရသ ဝတ္ထုတိုတွေကို ခံစားကြရမှာပါ။
မင်းအဂ္ဂ(ဆင်တဲဝ) စာအုပ္မ်ား
chevron_right
Privacy Policy