စစ်မှန်သောမိမိနှင့် တွေ့ဆုံခြင်း
သက်တန့်(မေရီ)
4500 က်ပ္
ထိုင်ဝမ် စာရေးဆရာမ ကျန်းသယ်ဖန်းရဲ့ အောင်မြင်ကျော်ကြားတဲ့ စာအုပ်ကို သက်တန့်(မေရီ) မြန်မာဘာသာ ပြန်ဆိုပြီး နိုင်နိုင်မိုးစာပေကနေ ထုတ်ဝေဖြန့်ချိလိုက်ပါတယ်။ အောင်မြင်၊ ပျော်ရွှင်၊ သာယာချမ�
�းမြေ့တဲ့ ဘဝပုံစံမျိုးကို ရရှိပိုင်ဆိုင်နိုင်အောင် ကူညီပေးနိုင်မယ့် စာအုပ်ဖြစ်ကြောင်း ဆိုထားပါတယ်။ တက်ကျမ်းတစ်ကျမ်းလို ဆောင်းပါးသဘောမျိုး ရေးသားထားတာမျိုး မဟုတ်ဘဲ ဝတ္ထုဇာတ်လမ်းအဖြစ် ပုံဖော်ဖန်တီးထားတာမို့ စိတ်ဝင်စားစရာလည်း ကောင်းပါတယ်နော်။
‘ကျွန်မတို့သည် အခြားလူများပေါ်သို့ အားစိုက်ပြီး ပြင်ပရှိ အရာဝတ္ထုများမှ အဖြေနှင့် ပျော်ရွှင်မှုများကို ရှာဖွေနေကြသည်။ နောက်ဆုံးတွင်မူ သဲထဲရေသွန် အချည်းနှီးသာ ဖြစ်ကုန်၏။ အကြောင်းရင်းမှာ ကျွန်မတို့သည် နေရာမှားပြီး ရှာဖွေနေကြ၍ ဖြစ်သည်။ ဤအချက်သည် ကျွန်မကို ဤဝတ္ထုရေးဖြစ်စေသည့် အဓိက တွန်းအားတစ်ရပ် ဖြစ်ပါသည်။ ဤဝတ္ထုကို အမျိုးသမီးတစ်ဦးအား ဇာတ်လိုက်အဖြစ် ထားရှိလျက် ကျွန်မတို့၏ နေ့စဉ်ဘဝတွင် ကြုံတွေ့ရလေ့ရှိသော ကိစ္စရပ် မျိုးစုံဖြင့် ဇာတ်အိမ်ဖွဲ့ထားပြီး ပြင်ပအရာများတွင်သာ အာရုံစိုက်နေတတ်မှုကို တဖြည်းဖြည်းနှင့် အတွင်းစိတ်ပေါ်သို့ ရောက်ရှိလာအောင် ရေးဖွဲကထားပါသည်။ ဤဝတ္ထုမှတစ်ဆင့် ကျွန်မတို့သည် မိမိ၏ အတွေးနှင့် စိတ်ခံစားချက်တို့၏ အစေခံ ကျွန် ဖြစ်နေပါလား ဆိုသည်ကို မြင်တွေ့လာရပါမည်’ (မူရင်းစာရေးဆရာမ ကျန်းသယ်ဖန်း … အမှာစာမှ)
လက်တွေ့ အကျိုးရှိပြီး လူ့ပတ်ဝန်းကျင်၊ လူ့စိတ်သဘောတွေကို မြင်တွေ့ရမယ့်အပြင်၊ အကြောင်းအရာကောင်းကောင်း၊ အကျိုးကျေးဇူးကောင်းကောင်းတွေ ရရှိမယ့် စာအုပ်တစ်အုပ်မို့ စာချစ်သူတို့ လက်မလွတ် ဖတ်ရှုနိုင်ဖို့အတွက် ညွှန်းဆိုလိုက်ပါတယ်။