ပြောပြန်ရင်လည်းမောင်သာရလွန်ရာကျမယ်
မောင်သာရ
2000 က်ပ္
မြန်မာစာပေလောကမှာ ထင်ရှားကျော်ကြားခဲ့တဲ့ စာရေးဆရာကြီး မောင်သာရရဲ့ အောင်မြင်ခဲ့တဲ့ စာအုပ်တစ်အုပ်။ ဆရာမောင်သာရရဲ့ စာပေလက်ရာတွေကို မပျောက်မပျက်စေဖို့အတွက် ဆရာ့သားသမီးတွေက စုစည်းအားထုတ
်ပြီး ပြန်လည်ထုတ်ဝေခဲ့ရာမှာ ယခုစာအုပ်ကိုတော့ သတ္တမမြောက် စာအုပ်အဖြစ် စာချစ်သူတွေ လက်ထဲ ထပ်မံပေးပို့လိုက်ပါပြီ။ လင်းလွန်းခင် စာပေကနေ (၂၀၁၉)၊ သြဂုတ်လမှာ ဒုတိယအကြိမ် ထုတ်ဝေဖြန့်ချိပြီး စာချစ်သူတွေဆီ အရောက်ပို့လိုက်တာကတော့ 'ပြောပြန်ရင်လည်း မောင်သာရ လွန်ရာကျမယ်' ။ 'မှတ်ထား။ ဘီလူးမှ လူယောင်ဆောင်တတ်တာ မဟုတ်ဖူး။ အပူကြောင့် ဖြစ်တဲ့ တံလှပ်ကလဲ အအေးဖြစ်တဲ့ ရေယောင်ဆောင်တတ်တာဘဲ။ ဆန်းသမှတ်လို့။ ငါနဲ့လဲ တလောက တွေ့ပေါ့။ ပြောလိုက်သမှကို ဝေလို့။ အကူအညီ လိုရင် ပြောပါတဲ့။ သူ တတ်နိုင်တာကို အချိန်မရွေး ခေါ်လှဲ့ပါတဲ့။ ပြောဘော်ရတာတော့ မဆိုးပါဘူး။ ဒါပေမယ့် အလကားကောင်ရယ်။ သည်မယ်၊ ငါ ပြောပြမယ်။ လောကမှာ ခွေးဇာတ်ခင်းတဲ့လူလဲ ရှိတာဘဲ။ နွားကျတဲ့လူလဲ ရှိတာဘဲ။ ကြောင်သူတော်လဲ ရှိတာဘဲ။ ကျားငစဉ်းလဲလဲ ရှိတာဘဲ။ လူဆိုတာ ကောင်းတာ မကောင်းတာ ဘေးချိတ်။ အမျိုးစုံတော့ ဖန်ဆင်းတတ်တယ်။ သည်ကောင့် အကြောင်းတော့ စကားထဲကို ထည့်မပြောနေနဲ့။ လူက မွေးတာ မဟုတ်ဘူး။ ပါးစပ်သနတယ်' (မောင်သာရ ... ပြောပြန်ရင်လည်း မောင်သာရ လွန်ရာကျမယ်) ဒီစာအုပ်နဲ့ ပတ်သက်ပြီး ဆရာမောင်သာနိုး၊ ဆရာအောင်သင်း၊ ဆရာမောင်စွမ်းရည်တို့ရဲ့ သုံးသပ်ချက်တွေကိုလည်း ဇာတ်လမ်းအဆုံးမှာ ဖတ်ရှုကြရမှာပါ။ တစ်ခေတ်တစ်ခါက ကျော်ကြားခဲ့တဲ့ ဆရာမောင်သာရရဲ့ စာပေလက်ရာကောင်း တစ်ပုဒ်ကို ခံစားကြည့်ကြပါစို့ စာချစ်သူများ ခင်ဗျ။
မောင်သာရ စာအုပ္မ်ား
chevron_right
Privacy Policy