သက္ကရာဇ်များကိုပွေ့ဖက်ခြင်း
သျှိုင်းရဲဝံ့
3000 က်ပ္
စာရေးဆရာ သျှိုင်းရဲဝံ့ရဲ့ ‘သက္ကရာဇ်များကို ပွေ့ဖက်ခြင်း’ စာအုပ်လေးကတော့ မြန်မာ၊ တရုတ်၊ ထိုင်း၊ ရွှေတြိဂံနယ်မြေ ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းယောင်းလွင်ပြင် နယ်စပ်မြို့လေးကို အခြေခံတ�
��့ ဘဝသရုပ်ဖော် ဝတ္ထုတိုများကို စုစည်းပြီး အိပ်မက်အသစ် စာပေကနေ ထုတ်ဝေလိုက်တဲ့ စာအုပ်လေး ဖြစ်ပါတယ်။ ဒီစာအုပ်အတွက် အမှာစာကို ဆရာဂျိုဇော်၊ ဆရာကိုရိုးကွန့်နဲ့ စာရေးသူ သျှိုင်းရဲဝံံ့တို့ ကိုယ်တိုင် ရေးသားထားကြပြီး ဒီစာအုပ်မှာတော့ … ဝလျက် ကြွေ၊ ကုန်ကြမ်း၊ သူမ၏ နားတစ်ဖက်တွင် နားကပ်မရှိ၊ အုန်းဆံကြိုးတွေ စုထားရတဲ့မြို့၊ တိုက်အိမ်ကလေး လှနေပါသည်၊ အာခါလေး၊ မျက်နှာလွှဲ၍ ခေါင်းခါသည်၊ မျှော့များ၊ ကျေးဇိုးတင်ပါတယ် ဆရာမား၊ သက္ကရာဇ်တိမ်၊ ယာယီများနှင့် ပွေ့ဖက်ခြင်း၊ တွင်းအောင်း သတ္တဝါများ … စတဲ့ ဘဝသရုပ်ဖော် ဝတ္ထုတိုတွေ ပါဝင်ပါတယ်။
‘ကျွန်တော် ပြောချင်သည်မှာ သက္ကရာဇ်များကို ပြန်လှန်တွေးတောမိရင်း လူများဘဝများ၊ ရိုးရာဓလေ့များ ယဉ်ကျေးမှုများထဲက လွမ်းမောတမ်းတ မမေ့နိုင်ဖွယ်ရာ အကြောင်းအရာလေးများကို အစဉ်အမြဲ ပွေ့ဖက်ထားချင်မိသလို အတိတ်များစွာထဲက အရိပ်သဏ္ဌာန်ရှိသော သူများကို ကျွန်တော့်အနေနှင့် သတိတရ လွမ်းဆွတ်ရင်း အမှတ်တရ အနေနှင့် ဝတ္ထုတိုစုများ ရေးဖွဲ့ခဲ့ခြင်း ဖြစ်သည်’
(သျှိုင်းရဲဝံ့ … အမှာစာ မှ)