ချင်းတွင်း(July-Aug)2019
magazine
3000 က်ပ္
'လူ့အဖွဲ့အစည်းတိုင်းတွင် လုပ်ရမည့် အလုပ်များ ရှိသည်။ နိုင်ငံတိုင်းတွင် ကုစားရမည့် ဒဏ်ရာများ ရှိသည်။ နှလုံးသားတိုင်းတွင် လုပ်နိုင်သော စွမ်းအား ရှိသည် ...' (Marianne Williamson) ချင်းတွင်း စာပေမဂ္ဂဇင်
းရဲ့ ၂၀၁၉၊ ဇူလိုင်လနဲ့ သြဂုတ်လထုတ်၊ အမှတ် (၉၀) ထွက်ရှိလာပါပြီ။ ယခုလမှာတော့ .... ကဗျာကဏ္ဍအနေနဲ့ မောင်လင်းကြည်၊ မြင့်မိုးအောင်၊ ဝါနု၊ မောင်ဆောင်းခ၊ Jasmine တို့ရဲ့ ကဗျာတွေ၊ နှစ်ပါးသွားကဏ္ဍမှာ ကိုတာရဲ့ ယဉ်တဲ့အမျိုးသားရေးဝါဒ (၃)ကို ဖတ်ရှုရမှာဖြစ်ပြီး ဆောင်းပါးကဏ္ဍမှာတော့ ဒေါက်တာတင်အောင်၊ ကျွန်း၊ စောလူတို့ရဲ့ လက်ရာတွေနဲ့ ယဉ်ကျေးမှုကဏ္ဍမှာ မြဝင်း(ဒဿန)ရဲ့ လက်ဖက်ရည်ဆိုင်ထဲက မင်္ဂလာစကားဝိုင်းကို ဖတ်ရှုကြရမှာပါ။ မှတ်စုမှာတော့ မောင်အောင်ပွင့်နဲ့ ဘသန်း(ဓမ္မိက)တို့ရဲ့ လက်ရာ၊ သိပ္ပံကဏ္ဍမှာတော့ မောင်မြတ်ထင်ရဲ့လက်ရာနဲ့ ရသစာတမ်းမှာတော့ မြင့်သန်း၊ ခင်စန္ဒာညွန့်၊ လှိုင်ဘွား၊ မိုးကျော်ဇင်တို့ရဲ့ အရေးအသားတွေကို ဖတ်ရှုရမှာပါ။ ချင်းတွင်းရဲ့ ဝတ္ထုကဏ္ဍမှာ ယခုလ ဖတ်ရှုကြရမှာကတော့ ညီပုလေးနဲ့ နေသန်ရဲ့ ဝတ္ထုတွေ ဖြစ်ပြီး သင့်လူရဲ့ လွဲမှားစွာ နားလည်ခြင်း ကိုတော့ ဘာသာပြန်စာအုပ် ကဏ္ဍမှာ ဖတ်ရှုကြရမှာပါ။ ယခုလ ဖတ်စရာစာအုပ်တွေ ကဏ္ဍမှာ ဉာဏ်သာဇော်နဲ့ ကေးတို့ရဲ့ စာအုပ်အညွှန်းတွေနဲ့ အထူးကဏ္ဍအနေနဲ့တော့ ဦးခင်ဇော်ရဲ့ မြန်မာဂီတ ကို ခံစားကြရမှာပါ။ တစ်လထက်တစ်လ စာပေလက်ရာကောင်းတွေကို ရွေးချယ်တင်ပြပြီး စာချစ်သူတွေလက်ထဲ ပေးပို့နေတဲ့ ချင်းတွင်း အမှတ်(၉၀) ကို အခုပဲ မှာယူလိုက်ကြပါစို့။
magazine စာအုပ္မ်ား
chevron_right
Privacy Policy