ထူးထူးခြားခြား ပထမဆုံးစာအုပ်ကို ကိုယ်တိုင်လက်ရေးဖြင့် ရေးသားထုတ်ဝေတာဖြစ်ပါတယ်
♦️" လှေကားထစ်လေးများ ၈၀" ♦️
ဘဝအတွက် ခွန်အားရစေမယ့်အရာများကို Dr.Kathryn ကိုယ်တိုင်ရေးသားဖန်တီးထားပါတယ် ✍🏻
“အ�
�ြဲထူးထူးခြားခြားဖြစ်ချင်ခဲ့တော့ ပထမဆုံးထုတ်မယ့်စာအုပ်လေးမှာ စာစီစာရိုက်ပြီးမထုတ်ချင်ခဲ့ဘူး တကယ်ကိုယ်ကိုယ်တိုင်ရေးပေးပြီး လေးနက်တဲ့ ခံစားချက်မျိုးဖြစ်စေချင်တော့ ကိုယ်တိုင်လက်ရေး နဲ့ အစအဆုံး သေချာရေးပေးထားပါတယ် ✍🏻
နဂိုကတည်းက အကျင့်ရှိတာ အတွေးအခေါ်ကောင်းလေးတွေပေါ်ရင် ချရေးခဲ့တယ် စာအုပ်လေးထုတ်ဖို့တွေးမိတော့ ဘယ်သွားသွားအနားမှာ အဖြူရောင်မျဉ်းကြောင်းမပါတဲ့ ဗလာစာအုပ်လေးသယ်သွားတယ် စိတ်ထဲမှာ အကြောင်းအရာတစ်ခု အတွေးအခေါ်တစ်ခုပေါ်လာရင် ချရေးထားလိုက်တယ် လက်ရေးနဲ့ထုတ်ချင်တော့ အများကြီး တစ်ပြိုင်တည်းရေးမရဘူးလေ လက်ရေးကရေးတာများရင်ညောင်းတော့ လက်ရေးမလှ ဖတ်ရခက်မယ် ဒီစာအုပ်လေးစရေးဖြစ်ဖို့ စာပိုဒ်ပေါင်း ၈၀ထွက်ဖို့ ၆လ အချိန်ယူခဲ့ရပါတယ် ဘာလို့ ၆လကြာခဲ့လဲ အတွေးအခေါ်ကောင်းဆိုတာ ညစ်ထုတ်လို့မရဘူး ပေါ်လာတဲ့အချိန်ကောက်ရေးရတယ် မြန်ချင်လို့မရဘူး စာတစ်လုံးက ဘဝတစ်ခုကိုပြောင်းလဲစေတယ် နေ့ရော ညရော အဖြူရောင် စာအုပ်လေးမှာ ချရေးခဲ့တာ တစ်အုပ်ကုန်လို့ စာအုပ်ထုတ်ဖြစ်ပါတယ် တစ်အုပ်လုံး ကိုယ်တိုင် လက်ရေးနဲ့ရေးပေးထားပါတယ် ဦးနှောက်ကို အခြေခံ နှလုံးသားနှင့်ရေးဖွဲ့ထားပါတယ်
အားလုံးအတွက်အကျိုးရှိရင်ကျေနပ်ပါပြီ “
I am here for you !
#ဒေါက်တာကေသရီကျော်